part-15

3.7K 221 40
                                        

Uni

သမု ယသော်ကို အိပ်ယာပေါ် အသာချကာ အပေါ်မှ အုပ်မိုးပြီး နှုတ်ခမ်းသားကို လက်မဖြင့် ပွတ်ဆွဲလိုက်သည်။ ယသော်ကတော့ မျက်လုံးဝိုင်းလေးဖြင့်ကြည့်လို့....။

သမုမျက်လုံးများက ယသော့် နှုတ်ခမ်းဆီသို့....ကြည့်ပြီး အောက်နှုတ်ခမ်းကို စတင်ငုံထွေးလိုက်သည်။ ထို့နောက် တဖြည်းဖြည်း လျှာကိုသွပ်သွင်းလို့......အနမ်းများက သိမ်မွေ့ရာကနေ ရမ္မက်များအဖြစ် ကူးပြောင်းသွားခဲ့ပြီ.....။ သမု၏ လက်များက ယသော်၏ ခါးနှင့် ရင်သားတစ်လျှောက် ဆုပ်နယ်လို့......။

တစ်ဖက်ခန်းက သွေးသစ်မှာ ထိုအသံများက မကြားချင်ဆုံး ....။ ‌‌ဒါမယ့်သွေးသစ်မငိုတော့ဘူး....မျက်ရည်မကျတော့ဘူး....ကုတင်ပေါ်မှာ ငုပ်တုတ်ကလေး ထိုင်လျက်သား.....မျက်ဝန်းသေများဖြင့် နံရံကိုသာ ကြည့်နေသည်....။

နှစ်နာရီလောက်အကြာတွင်.....

သမု အိပ်ပျော်သွားခဲ့ပြီ.....။ သမုက အအိပ်ဆက်တာသိလို့ ယသော်  လက်ကိုင်ပုဝါမှာ မေ့ဆေးစွတ်လာခဲ့သည်။

သမု အိပ်ပျော်သွားကာမှ သမုနှာခေါင်းနား ထိုပုဝါလေးကို အသာအုပ်လိုက်သည်။ သမု ခနတွန့်လူးသွားပြီး မကြာ မေ့မြောသွားခဲ့သည်....။

ထိုအခါမှ ယသော် နာကျဉ်နေသော ခန္ဓာကိုယ်ကို လျစ်လျူရှုကာ ပိုက်ဆံအိပ်ထဲက ကွာရှင်းစာချုပ်နဲ့
မှင်ဗူးကိုယူပြီး သမုနားသွားလိုက်သည်။

သမုလက်မကိုယူကာ မှင်ရေစိုစေပြီး....ကွာရှင်းစာချုပ်ပေါ် လက်မှတ်နေမှာ လက်ဗွေနှိပ်လိုက်သည်...။

ဒါဟာ သူမသေမယ့်လမ်းဆိုတာ သိသိနဲ့ လုပ်လိုက်ခြင်းပင်...။ သမု သတိရလာလို့ ဒီကိစ္စကိုသာသိသွားလျှင် သူမ သမုနှင့်ဝေးမည်...သမုမုန်းတာခံရမည် ဆိုတာသိသိရက်နှင့် သူမ လုပ်လိုက်သည်...။

ယသော်...လက်ထပ်စာချုပ်နှင့် သွေးသစ် အခန်းသော့အား ယူကာ ထော့နဲ့ထော့နဲ့နှင့် သွေးသစ် အခန်းရှိရာသို့ လှမ်းသွားလိုက်သည်။

အခန်းတံခါးအားဖွင့်လိုက်တော့ ကုတင်ပေါ်တွင် မျက်နှာသေနှင့်ထိုင်နေသော သွေးသစ်.....။

Before time Passes (အချိန်မလွန်ခင်)[Complete]Where stories live. Discover now