part -18

3.5K 185 15
                                        

Uni

"ခွမ်း......!!!!"

ဒုန်း.....!!!!

သမု အခန်းထဲရှိသော ပန်းအိုးတွေနဲ့ ခုံတွေကို နံရံပစ်ပေါက်လိုက်သည်...။ စားပွဲခုံတွေကိုလည်း ခြေထောက်နှင့်ကန်ကာ တွန်းလှဲလို့...!!   သမု ယသော့်အကျီကော်လံက‌နေ ဆောင့်ဆွဲကာ

"ပြောစမ်း....တောက်....!!! သွေးသစ်ဘယ်မှာလဲ...!!!"

"ယသော်.....!!!!"

သမုတိရာဇ်၏...မျက်လုံးတွေလည်းနီရဲလို့....လည်ပင်းအကြောတွေလည်းထောင်နေသည်... အသက်ပြင်းပြင်းရှူသံက ပဲ့တင်ထပ်လို့....!!!

နတ်ဆိုးတောင် သမုလောက်ခုထိ ဒေါသကြီးလိမ့်မည်မထင်....။

"လာစမ်းယသော်.....ပြောစမ်း ရောင်စဉ်သွေးသစ်ဘယ်မှာလဲ...."

သမု ယသော်လည်ပင်းကိုညှစ်ကာ....နံရံကိုကပ်လိုက်သည်....အားပါလွန်းသောကြောင့် ယသော်ခြေဖျားထောက်ထားရသည့်အထိပင်......!!

"အစ်....ယသော်မသိဘူး..ယသော့်ကို အစ်...လွှတ် လွှတ်ပေးပါ......အသက်ရှူမရ..တော့ဘူး...!! "

"တောက်....!! "

သမုတောက်ခေါက်ကာ ယသော့်ကို လွှတ်လိုက်သည်...။

ယသော်မှာ လည်ပင်းကို ကိုင်၍ အသက်လုရှူနေစဉ်
သမုက ပြန်ပြီး ယသော့်ဆံ‌ပင်တွေဆွဲကာ ခေါင်းမော့ထားလိုက်ပြီး.....

"ဖြောင်း......ဖြောင်း......!!!"

သမု အားကုန် ယသော့်ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန်ရိုက်ချလိုက်သည်.....။ လဲကျ‌သွားသော ယသော်မှာတော့ ‌ပါးစပ်က သွေးများနှင့်......

"မင်းဒီက ထွက်သွားဖို့မစဉ်းစားနဲ့....သွေးသစ် ကိုပြန်မတွေ့မချင်း ထွက်သွားဖို့မကြံနဲ့ တောက်....!!!"

ယသော်လဲနေရာက‌နေ  ခေါင်းလေးထောင်ကာ အနူးညံ့ဆုံးပြုံးနေလိုက်တယ် မျက်ရည်တွေကတော့ ပျော်နေလို့လား....? နာကျဥ်ရလို့လား...? ဆိုတာ ပြောစရာတောင်လိုတော့မည်မထင်.....!!!

ကိုကိုရယ် ယသော်ကလေ ဘယ်တုန်းကမှ ကိုကို့နားက ထွက်သွားရမယ်လို့  ကြိုးစားဖို့မပြောနဲ့ အတွေးထဲတောင်မဝင်ရောက်ခဲ့ပါဘူး......။

Before time Passes (အချိန်မလွန်ခင်)[Complete]Место, где живут истории. Откройте их для себя