Unicode
"တီ.....လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်း မှာ မအားသေးပါသဖြင့် ခေတ္တစောင့်ဆိုင်း....."
"တီ....လူကြီးမင်း....."
"တီ.....လူကြီးမင်း ခေါ်ဆိုသော......"
"တီ....လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါသည်....."
ယသော် သမုဆီ အကြိမ်ကြိမ် phone ခေါ်ပေမယ့်မကိုင် ခုတော့ စက်ပါပိတ်သွားလိုက်သေးသည်....။
ယသော် နာကျဉ်စွာ ပြုံးလိုက်ပြီး သမု အတွင်းရေးမှူး မင်းစည်သာဆီသာ phoneဆက်ဖို့ လုပ်လိုက်တော့သည်။
"Hello..."
"ဟုတ်ကဲ့...အမ"
"ကိုကို ရုံးမှာရှိလား..."
"Boss ဒီနေ့ အလုပ်ကိုမလာပါဘူးဗျ..."
"အာ့ဆို အိမ်မှာလား"
"အဲ့တာတော့ ကျွန်တော်လည်း မသိပါဘူးဗျ"
"အင်းအင်း အာ့ဆို ဒါပဲနော်"
"ဟုတ်"
ယသော် phoneချပြီး phoneကို အိပ်ရာပေါ်တင်ကာ သမုအိမ်ကိုပဲ သွားဖို့လုပ်လိုက်တော့သည်။
~~~~~~~~
သမုအိမ်ကိုအရောက်.....
ခြံတံခါးသော့မခတ်ထားတာကြောင့် ဒီတိုင်းသာဝင်ခဲ့လိုက်တော့သည်။ အိမ်ရှေ့ရောက်ခါနီး မြင်လိုက်ရသည်က သမုတစ်ယောက် တခြားကောင်မလေးခေါင်းကိုပုတ်ကာ နှုတ်ခမ်းကိုနမ်းလိုက်ပြီး ပြိုင်ကားနီလေး၏ တံခါးကိုဖွင့်ပေးလိုက်သည်။
ယသော်မျက်စိများမှားတာလား မျက်လုံးကို လက်ဖြင့်ပွတ်ကာ ပြန်ကြည့်တော့လည်း ဒီအတိုင်း....
'ကိုကိုက... ကိုကိုက ယသော်နဲ့ အဆက်သွယ်ဖြတ်ထားတာ ဒီကောင်မလေးကြောင့်လား....'
ယသော် ကျခါနီးဆဲဆဲ မျက်ရည်များကို ပြန်သိမ်းကာ အရှေ့သို့ ဆက်လျှောက် သွားလိုက်သည်။ သမုက ယသော့်ကိုမြင်တော့ ဘာမှမဖြစ်သလို အကြည့်မျိုးဖြင့်ကြည့်ကာ
"ယသော်...ဘာကိစ္စလဲ"
"Daddy သူကဘယ်သူလဲဟင် baeကိုဘာလို့မပြောပြတာလဲ......"
أنت تقرأ
Before time Passes (အချိန်မလွန်ခင်)[Complete]
قصص عامة" အချစ် " ဆိုတဲ့ အရာဟာ သိမ်မွှေ့ပြီး အန္တရာယ်ရှိတယ်..... (ဤဇာတ်လမ်းပါ အချို့အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသည်....) Start date End date
![Before time Passes (အချိန်မလွန်ခင်)[Complete]](https://img.wattpad.com/cover/287350752-64-k415379.jpg)