Uni..
"ဟေ့ကောင် ဝဠာ...."
ဝဠာ ကောင်တာတွင် ဆေးဖို့ရှင်းနေတုန်း အနောက်မှ အသံကြောင့် လှည့်ကြည့်မိသည်.....။
တစ်ခြားသူမဟုတ် စော်ဘွားပင်ဖြစ်သည်.....။
ဂျူတီကုတ်ကို ဝတ်ဆင်ကာ နားကြပ်ကိုလည်း လည်ပင်းမှာ ချိတ်ထားသေးသည် ကြည့်ရတာ ဂျူတီချိန်ဖြစ်မည်ထင်သည်.....။ စော်ဘွားနဲ့ ဝဠာက ဗမာ-တရုတ် ကပြားပင်မို့ နှစ်ယောက်လုံး မျက်ရစ်မပါကြပေ အသားကတော့ အတော်ဖြူတဲ့အထဲပါသည်....။
ဝဠာဆီကို အမောတကောနှင့် အပြေးလာသော စော်ဘွားက
"ဒီနေ့မင်း ခွင့်ယူထားတယ်မဟုတ်ဘူးလား..."
"အင်း ကလေးဖျားနေလို့ လာပြတာ.."
စော်ဘွားက မျက်လုံးကြီးပြူးကာ ဆေးရုံတစ်ခုလုံးကြားနိုင်သည့် အသံဖြင့်.....
"အိုး......ငါ့အစ်ကို ကလေးရှိနေပြီတဲ့လား.....မင်းတို့ လက်မထပ်ရသေးဘူးလေ..."
"မင်းမေလင်ကြီး တိုးတိုးပြောစမ်းပါဟ...ကလေးက မနေ့ညကကောက်ရလို့ အနိုးက မွေးစားချင်တယ်ဆိုလို့ .."
ဝဠာ မျက်မှောင်ကြုတ်ကာ ပြောမှ စော်ဘွားက ရယ်ကျဲကျဲနှင့်
"မသိပါဘူး ငါက သွေးသစ်မွေးတယ်ထင်နေတာ.."
"မွေးရအောင် ဗိုက်ကြီးတာ မင်းမြင်နေလို့လား..."
"ဟီး....ဟုတ်သားပဲ ငါနောက်နေ့မှ မင်းဆီလာလည်တော့မယ် ခုတော့လစ်ပြီ ဂျူတီချိန်ကြီးမို့..."
"အေးအေး..."
ဝဠာလည်း ဆေးစရိတ်ကျသလောက်ရှင်းပြီးတော့ သွေးသစ်က ကလေးကို ချီကာ ဝဠာ့ဆီလျှောက်လာနေသည်....။
ကလေးက အရမ်းဖျားတာ မဟုတ်လို့ ဆေးရုံတက်စရာမလိုပေ....။ ပေါက်စီလို ဖောင်းနေတဲ့ပါးနှစ်ဖက်နဲ့ သွေးသစ်ကိုလည်း စကားတွေပြောနေသေးသည်....။
သွေးသစ်ကလည်း ခေါင်းတွေညိတ်လို့ ....။
"လူကြီး သွားကြရအောင်လေ..."
"ဒယ် ..ဒယ်..."
"ဟင်..."
ကလေးက ဝဠာ့ ကို ဒယ်ဒယ်ဟုခေါ်သောကြောင့် ဝဠာ မျက်လုံးပင်ပြူးသွားရသည်...။ နှစ်နှစ်သားဖြစ်သောကြောင့် စကားတော့ အနည်းငယ် ပြောတတ်ပေသည်...။
ВЫ ЧИТАЕТЕ
Before time Passes (အချိန်မလွန်ခင်)[Complete]
Художественная проза" အချစ် " ဆိုတဲ့ အရာဟာ သိမ်မွှေ့ပြီး အန္တရာယ်ရှိတယ်..... (ဤဇာတ်လမ်းပါ အချို့အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသည်....) Start date End date
![Before time Passes (အချိန်မလွန်ခင်)[Complete]](https://img.wattpad.com/cover/287350752-64-k415379.jpg)