part-1

10.2K 511 4
                                        

Unicode

"ဒီ‌နေ့ အိမ်မှာ ယသော် ညစာလာစားမှာမို့ ပိုချက်ပေးလို့ရတယ်မလား...?"

"အေး ...ငါပိုချက်ထားလိုက်မယ်.."

မီးဖိုခန်းဝကို မှီကာ ပြောချင်ရာပြောပြီး ထွက်သွားသော ထိုလူသား....။ ကျွန်တော်ဆိုတဲ့ကောင်က‌လည်း ထိုလူသားရဲ့ အမိန့်မဟုတ်သော စကားတစ်ခွန်းစီကို မလွန်ဆန်နိုင်တဲ့ သူတစ်ယောက်....။

ထွက်သွားသော ထိုလူသားရဲ့ကျောပြင်ကို ကြည့်ကာကျွန်တော် သက်ပြင်းချမိပြန်တယ်..။ သမုတိရာဇ် ဆိုတဲ့ ထိုလူသားက  ဩဇာပြည့်ဝသလို မိဖုရားလည်းပေါတယ်...။

ကျွန်တော်တို့ရဲ့ မတူညီတဲ့ ပေါင်းစည်းမှု နှစ်ခုကိုပြောပြရမယ်ဆို ဒီလိုလေး စတယ်ဗျ.....!!!

မိသားစုနှစ်ခု စီးပွားရေးပူးပေါင်းတဲ့ အနေနဲ့
ကျွန်တော်တို့ နှစ်ယောက်ကို လက်ထပ်ပေးတယ်တဲ့
ရယ်ရသားနော်    ဟက်.....!!!
အဲ့အချိန်တုန်းက သမုနဲ့လက်ထပ်ရမယ်လို့ တကယ်မထင်ခဲ့တာ ။ စီးပွားရေးအရ လက်ထပ်ရမယ်ဆိုပြီး ဘာညာနဲ့ အိမ်မှာတောင်ပေါက်ကွဲမိသေး ....။ ကျွန်တော်နဲ့ လက်ထပ်ရမယ်ဆိုတဲ့ သူက သမုတိရာဇ် ဆိုတဲ့ သူမှန်းမသိခင်အထိပေါ့....။

ကျွန်‌တော့်တွက် ကံကောင်းခြင်းလား ကံဆိုးခြင်းလား မသိပေမယ့် ကျွန်တော် သမု နဲ့ လက်ထပ်ရမယ်ဆိုတော့ တကယ်ပျော်မိပြန်တယ်....။ အဲ့ဒီ အပျော်ကို ဘယ်လို ဖော်ညွှန်းရမလဲ ငယ်ငယ်က အရမ်းလိုချင်နေတဲ့အရုပ်ကလေး ကိုယ့်အိမ်ကို ရောက်လာသလိုမျိုးပေါ့ ။

သမုတိရာဇ်ဆိုတာ ကျွန်တော် အကြာကြီးငေးကြည့်ခဲ့ရတဲ့ အရုပ်ကလေး .....

ကျွန်‌တော် 13နှစ်လောက်မှာ သမု ရဲ့မွေးနေ့ပွဲကို မိဘတွေကြောင့် ရောက်ခဲ့ရတယ်။ မြင်မြင်ခြင်း သမု ကို ချစ်ခဲ့မိတယ် ဆိုပါတော့ ။ အဲ့အချိန်တုန်းက သမုပုံစံက အနက်ရောင် suit အပြည့်ဝတ်ဆင်ထားပြီး ဆံပင်ကို သပ်တင်ထားတယ်  မျက်ခုံးမထူမပါး စူးရှနေတဲ့မျက်ဝန်းတွေနဲ့ ပြတ်သားလွန်းတဲ့ပုံဆောင်နေတဲ့ နှုတ်ခမ်းပါး......၊ ရှည်လျားနေသော ခန္ဓာကိုယ် အရာရာက လုံးဝ perfect....ပဲ ။

Before time Passes (အချိန်မလွန်ခင်)[Complete]Donde viven las historias. Descúbrelo ahora