Unicode
သွေးသစ် လက်ကဒဏ်ရာကို ရေမထိအောင် ရေချိုးပြီး ထူးလောက်ရှိတဲ့ ဘောင်းဘီအမည်းအတိုကို တီရှပ် အဖြူလေးနဲ့ ပေါ့ပေါ့ပါးပါးလေး ဝတ်ကာ သမုကို မနက်စာပြင်ဖို့ အောက်ထပ်ဆင်းလာခဲ့လိုက်သည်။
လက်နာနေပေမယ့်လည်း သမုအတွက် မနက်စာလေးတော့ ပြင်ပေးချင်မိတာ သွေးသစ်ရဲ့ အတ္တငယ်လေးပေါ့ ။
မနက်စာအရမ်းဂျီးများတဲ့ သမုအတွက် ကြေးအိုးလေးလုပ်ဖို့ပြင်ဆင်လိုက်သည်။ လက်က ဒဏ်ရာနဲ့ သိပ်အဆင်မပြေလို့ အချိန်တွေပိုကြာ ရပြန်ပြီ။
" မင်းလက်ဒဏ်ရာနဲ့ ဘာလို့ဒါတွေလုပ်နေတာလဲ ...?ဟာကွာ...ကျစ်..!! "
ကျွန်တော် အသံကြားလို့ အနောက်လှည့်ကြည့်လိုက်တော့ ခဲရောင် suitဝတ်ဆင်ထားကာ ကုတ်အကျီကို ဘယ်ဘက်လက်ပေါ် တင်ထားသည့် သမု ...!
ခုချိန်ထိ ကျွန်တော့ သမု ကခန့်ညားနေတုန်း...။ နည်း နည်းဒေါသကြီးပြီး ဂျစ်တစ်တစ် တဇွတ်ထိုးနိုင်တာလေးနဲ့ မျက်ခုံးတန်းတွေ အမြဲတမ်းကြုတ်ထားပြီး အလိုမကျတာကလွဲလို့ပေါ့ ...။
သမုက ချစ်စရာလေးပါ ။ ဒါပေမယ့် ကျွန်တော် သမုကိုတွေ့နေရတာ နှစ်ပေါင်း ဆယ်နှစ်ရှိပြီ သူ့အပြုံးကိုတော့ မြင်ခွင့်မရသေးဘူး ...!!!
သွေးသစ် မျက်လုံး အနည်းငယ်ပြူးစွာ ဖြေကြားလိုက်သည်....ဘာလို့ဆို သမုက သွေးသစ်ကို ခုလိုတစ်ခါမှ မပြုမူဖူးပေ....။
" အမ်း ရပါတယ် ဘာမှမဖြစ်ပါဘူး.."
" ဘာ....! ဘာမှမဖြစ်ရမှာလဲ တစ်ခါတစ်လေ အပြင်ကမှာလိုက်လဲရနေတာကို မင်းဘာလို့ အဲ့လောက် ချက်စားချင်နေတာလဲ.."
သမုအော်ပြီး ပြောလည်းပြော သွေးသစ်လက်ကိုဆွဲကာ ခုံပေါ်ထိုင်ခိုင်းလိုက်သည်။
"ငါ....ငါက မင်းစား...စား..."
သမု သွေးသစ်ကို ဂျိုကြည့်ကြည့်ကာ
"ပိတ်ထား."
"ဟင်..."
"မင်းပါးစပ်ပေါက်ကိုပိတ်ထားလို့.."
"အာ...အင်း..."
ထိုမှသာ နှုတ်ခမ်းနှစ်လွှာကို ပိတ်လိုက်တဲ့ သွေးသစ် ။ တကယ်ပါ သူ့အတွက်ပြောလို့ပြောမှန်းမသိ သမု ခေါင်းခါယမ်းကာ
ВЫ ЧИТАЕТЕ
Before time Passes (အချိန်မလွန်ခင်)[Complete]
Художественная проза" အချစ် " ဆိုတဲ့ အရာဟာ သိမ်မွှေ့ပြီး အန္တရာယ်ရှိတယ်..... (ဤဇာတ်လမ်းပါ အချို့အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသည်....) Start date End date
![Before time Passes (အချိန်မလွန်ခင်)[Complete]](https://img.wattpad.com/cover/287350752-64-k415379.jpg)