part-11

3.6K 243 19
                                    

Unicode

ကြည်ပြာရောင် ကောင်းကင်ကြီးက တိမ်မဲများဖုံးအုပ်လေပြီ...။ နေရောင်ခြည်ပျောက်ကွယ်၍ မြူများက ရစ်စိုင်းလို့.....။ မြူမှုန်များနှင့်အတူ စီးကရက်အငွေ့များကရောယှက်လျက်....။

နှစ်ထပ်အိမ်ကလေး၏ ‌အပေါ်ဆုံးထပ် ဝရံတာတွင်...မျက်ခုံးများတွန့်ချိုးထားကာ လက်ကြားထဲတွင် စီးကရက်တစ်လိပ်ညှပ်ကာထား‌သော ထိုလူ....။

လေကြောသင့်သည့်နေရာ ဖြစ်သည့်အလျောက် လေတိုက်လျင် ဝတ်ထားသော ရှပ်အနက်မှာ တစ်လွင့်လွင့်..... နှာဖူးပေါ်တွင် ဝဲကျနေသော ဆံသားများက ဟိုတစ်စဒီတစ်စ ယိမ်းနွဲ့နေ‌လေသည်....။

ထိုလူ၏ ပါးပြင်ပေါ်တွင် မျက်ရည်စီးကြောင်းများက နာကျဉ်မှုကိုဖော်ပြနေကာ တစ်ခါတစ်ခါလည်း ‌ဘေး၌ရှိသော ခွက်ထဲရှိ vodka ကိုလည်း ဆွေးဆွေးမြေ့မြေ့သောက်နေသည်မှာ အမှန်ပင်....။

ထိုလူမှာ တခြားမဟုတ် ရောင်စဉ်သွေးသစ်.....။

"သွေးသစ်....အရမ်းအေးတယ်လေ ဘာလို့အပြင်ထွက်နေတာလဲ..."

သမု သွေးသစ်အား အခန်းထဲမတွေ့လို့ လိုက်ရှာရင်း ဝရံတာပေါ်တွင် ရပ်နေသောသွေးသစ်အားတွေ့ခဲရသည်။ စီးကရက်ကိုလည်း အသောက်မပြတ် ဘေးတွင်လည်း vodkaနှင့် လေကတိုက် မိုးကအေးပါတယ်ဆို အကျီအပါးလေးနှင့် ပြီးရင်သူပဲ နေမကောင်းဖြစ်မည်။ ဇွတ်ကိုမိုက်ချင်နေတာ....။

သမု သွေးသစ်နား သွားကာ သွားခေါ်တော့....

"ငါပင်ပန်းနေပြီသမု...."

မျက်ရည်စများနှင့် ပြောလာသော သွေးသစ်မှာ အတော်ပင်နာကျဉ်နေဟန်....။ ထို့နောက် ထပ်ထွက်လာသောစကားတစ်ခွန်း.....…

"မင်းငါ့ကိုချစ်လား....? "

သမု မဖြေတတ် သူသွေးသစ်ကို ချစ်လားတကယ်မသိပေ....။ သူ့မှာ ယသော်ရှိတယ်လေ...မဟုတ်သေးဘူး သူယသော်ကို တကယ်ချစ်တာလားလဲ ခုထိမသိသေးဘူး သေချာတာကတော့ သူယသော်နဲ့နေရရင် ပျော်တယ် စိတ်ထဲကျဉ်းကြပ်မနေဘူး....။

သမု သွေးသစ်ကို သဘောကျပါသည် ဒါပေမယ့် ချစ်လို့မရဘူး သွေးသစ်ရယ်..... ချစ်လို့မရဘူး

Before time Passes (အချိန်မလွန်ခင်)[Complete]Donde viven las historias. Descúbrelo ahora