part-13

3.5K 215 35
                                        

Unicode

နှစ်ပတ်ရှိခဲ့ပြီ...ဒီအခန်းငယ်ထဲမှာ ကြိုးတုပ်ခံထားရတာ နှစ်ပတ်ရှိခဲ့ပြီ....။ ကြိုးတုပ်ခံရသောကြောင့် လက်ကော ခြေထောက်တွေမှာပါ သွေးတွေစို့နေပြီ ငိုရလွန်းလို့လည်း မျက်သားတွေနီရဲနေပြီ.....။

သွေးသစ်နောင်တရမိပါသည် သမုတိရာဇ်ဆိုတာ ခုလောက်ထိအတ္တကြီးလိမ့်မယ်လို့ မထင်ခဲ့မိတာဟာ အမှားတက အမှားဆုံးပါပဲ....။ ခုတော့ သွေးသစ်ဘဝဟာ နေ့တိုင်း အခန်းငယ်အကျဉ်းထဲတွင်ပဲ ကုန်ဆုံးရတော့မလိုပင်....။

အိမ်အောက်ထပ်တွင်တော့ baeဆိုတဲ့ခေါ်သံတွေဟာ အတိုင်းသားကြားနေရတယ်....။ ဘယ်က အသစ်တစ်ယောက်လဲ မသိပေမယ့် ယသော်မဟုတ်တာတော့သေချာသည်။ ဟုတ်ပါတယ် သမုတိရာဇ်ဆိုတာ ဤသည်လို ယောကျာ်းမျိုးပါ....။

~~~~~~~~~~~~

ခုချိန်တွင် ဝဠာတစ်ယောက် ဂနာမငြိမ်ဖြစ်နေသည်။ သွေးသစ်နဲ့ အဆက်သွယ်ပြတ်ခဲ့သည်မှာ နှစ်ပတ်ကျော်‌ နေပြီမလား....။ သွေးသစ်အိမ်သွားတွေ့ပြန်တော့လည်း သမုနဲ့သာတိုးနေသည် အိမ်ထဲ တစ်စက်ကလေးမှဝင်လို့မရ ယသော်ကိုလှမ်းမေးတော့လည်း သမုကိုသူမ လုံးဝဆက်သွယ်လို့မရဘူးတဲ့.....။

"တောက်...ဟာကွာ...!!! "

ဝဠာ၏စိတ်တိုတိုနှင့် ရှေ့တွင်ရှိသော laptopကို နံရံဆီပစ်ပေါက်လိုက်သည်။ ပြီးတာနှင့် ဝတ်ထားသော ဂျူတီကုတ်ကို ချွတ်ကာ ဆေးရုံအုပ်ရုံးခန်းဆီသွားဖို့ဆုံးဖြတ်လိုက်သည် ။

"ဒေါက်...ဒေါက်"

ဝဠာ တံခါးကားကို နှစ်ချက်လောက်ဆင့်ခေါက်လိုက်ကာ တစ်ဖက်မှ

"ဝင်ခဲ့"

ဝဠာ အခန်းထဲဝင်သွားတော့ မျက်မှန်တပ်ကာ ဆေးမှတ်တမ်းများ စစ်နေသော ဦးသောတဆိုသည့် ဆေးရုံအုပ် ။ ဦးသောတမှာ ဝဠာ၏ ဦးလေးဖြစ်ပေသည်။ ထို့ကြောင့်လည်း ဝဠာသည် ဆေးရုံတွင် ထင်တိုင်းကျဲလို့ရနေခြင်းပင်....။ ဦးစိုးဆိုသည့် ဒေါက်တာတစ်ယောက်ကလွဲလို့ပေါ့...။ ဦးစိုးမှာ ဝဠာကို ငယ်ငယ်ကထဲက ဆရာဝန်ဖြစ်တဲ့ထိ သင်ကြားပေးသည့် ဆရာဖြစ်သောကြောင့်ပင်...။

ဝဠာ ဦးသောတ၏ ရှေ့တည့်တည့်သို့ရပ်လိုက်သည်။

"ထိုင်လေ"

Before time Passes (အချိန်မလွန်ခင်)[Complete]Место, где живут истории. Откройте их для себя