Unicode
သွေးသစ် ကုတင်ပေါ်မှာ ကွေးကွေးလေး အိပ်နေရင်း မျက်နှာပေါ် နေရောင်ခြည်နုနုက ဆင်းသက်လာသောကြောင့်...နိုးလာခဲ့သည်....။
ခြေထောက်တွေရော လက်တွေကပါထုံနေပြီ သုံးရက်ရှိပြီ ခုလိုကြိုးတုပ်ခံထားရတာ.....။ အရင်က အသားအဖြူရောင်နုနုလေးမှာ ခုတော့....ကြိုးရာများနှင့် ညိုမဲနေပြီ....။ သွေးစအနည်းငယ်ကလည်း ကပ်ငြိလို့.....။
ခြောက်ထောက်တွေက ဆန့်လို့မရ...ထုံကျဉ်နေပြီ....။
မျက်တွင်းသားများက နီရဲပြီး မို့ဖောင်းလို့....မျက်ကွင်းများပင်ညိုနေပြီ....။ သွေးသစ် ပြတင်းပေါက်ကိုငေးကြည့်ကာ....ခုန်ချရမလား.....ဒါမှမဟုတ် သမုလက်ထဲက ဘယ်လိုလွတ်အောင်လုပ်ရမလဲ စဉ်းစားနေစဉ်...
သွေးသစ်အခန်းတံခါးဖွင့်သံကြားလိုက်သည်။ထိုအသံနှင့်အတူ.....ဂျင်းအနက်ကို ရှပ်အနက်နှင့်အတူ all blackဝတ်ဆင်ထားကာ....ရှပ်အနက်ကို တံတောင်ဆစ်ထိခေါက်တင်ထားသော ထိုလူ...။ လက်တွင်လည်း Alexandre Christie အနက်ရောင်နာရီကို ဝတ်ဆင်ထားသည်...။ ဆံပင်များကိုသေချာသပ်တင်ထားကာ သွေးသစ်အနားမရောက်သေးသော်လည်း သမုနားက ရေမွှေး ခပ်အီအီအနံ့က အရင်ကြိုရောက်နှင့်နေပြီ.....။
သမုလက်ထဲတွင် ပန်းကန်တစ်ချပ်နှင့်......ကြည့်ရတာ မနက်စာလာပေးသည်ထင်သည်.....။
"ရော့....ဒါကုန်အောင်စားလိုက်..."
သွေးသစ် ပြတင်းပေါက်ကိုပဲ စိုက်ကြည့်နေလိုက်သည်....။ သူဒီချိန်မှာ သမုနဲ့စကားမပြောချင်ပါ..... ဒီလူ့မျက်နှာမျက်နှာမြင်တိုင်း သူရွံသည်....။ အရင်က ဘယ်လောက်ပဲ ချစ်ခဲ့သည်ပြောပြော...ခုတော့ သိပ်မုန်းသည်....။ ဆယ်နှစ်တာ သမုနားမှာပေးဆပ်ခဲ့သည်မလား.....သူလက်ကျန် မာနတော့ ထားချင်သေးတယ်....။
သူ့အပေါ် နည်းနည်းမှ မချစ်ပါပဲ အတ္တတွေသိပ်ကြီးနေတဲ့လူကို သူကဆက်ချစ်ရမည်လား.....?
ရောင်စဉ်သွေးသစ်ဆိုတဲ့ သူက အဲ့လိုစောက်ရူး အလုပ်မျိုးမလုပ်ဘူး......ဆယ်နှစ် ...ဆယ်နှစ် အနွံတာခံပြီး သိက္ခာတွေပါ ခဝါချကာ ချစ်ခဲ့ပြီးပြီ.....ခုတော့ ဒီဇာတ်ကို သူရပ်ပါပြီ....။
![](https://img.wattpad.com/cover/287350752-288-k415379.jpg)
VOUS LISEZ
Before time Passes (အချိန်မလွန်ခင်)[Complete]
Fiction générale" အချစ် " ဆိုတဲ့ အရာဟာ သိမ်မွှေ့ပြီး အန္တရာယ်ရှိတယ်..... (ဤဇာတ်လမ်းပါ အချို့အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသည်....) Start date End date