Uni
လမင်းကြီးက ထိန်ထိန်သာလို့ ......
ပွဲဈေးတန်းတစ်လျှောက် လူများစွာ.....
လူဘယ်လောက်များလဲဆို လမ်းလျှောက်စရာပင်မလိုလောက်အောင် လူများလှသည်.....။
🎼 ......
ရှမ်းအိုးသည် တီးသံ မိုးထက်ညံ.....
တို့နဲ့အတူကမှာလား....
ချယ်ရီမြေ
လှမ်းခဲ့လိုက်ကြ ....!!!
ပြာလဲ့လဲ့မိုးသားအောက်မှာ
အလှဆုံးသော ညတစ်ညပါ.....
တလက်လက်တောက်ပနေတဲ့
ကြယ်စုံခတဲ့ တို့ပွဲတော် .....
လမင်းကြီးအလင်းရဲ့အောက်မှာ...
ယှဉ်တွဲလို့ကစို့ကွာ....
ဖြူစင်ရိုးသားမှု တို့ရင်ထဲ....
အယောင်ဆောင်ကင်းတဲ့ တို့ပွဲတော်.....
နွှဲပျော် ကြဖို့..... ဖိတ်ခေါ်.....
ပြင်ဦးလွင် မီးပုံးပျံပွဲတော်.....🎼
ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲဆိုသည်နှင့် သည်သီချင်းသံက ပျံ့လွင့်လွင့်.....။
ဟုတ်ပါသည်...ယခု သွေးသစ်နှင့် ဝဠာ ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲကို ရောက်ရှိနေခြင်းပါ.....။
ပေါင်းနှီးဝါး(ကောက်ညှင်ကျည်တောက်) ၊ မုန့်ခေါင်းအုံး ၊ အညာသားကျောကုန်း (စလူ) ၊ အခြားမြန်မာမုန့်များ ရောင်းတဲ့ဆိုင်များ ၊ လေဘေးအဝတ်ထည် ၊ ကစားစရာ ၊ အိုးပုတ် ဂျိုးရုပ်ကလေးများ ၊ စာအုပ်ဆိုင်များ ၊ စားသောက်ဆိုင်များနှင့် ကစားကွင်းများက အတော်ပင် ထင်ရှား လှသည်.....။
"ဉီးလေး တစ်အုပ်ဘယ်လောက်လဲ..."
ဖေမြင့် စာအုပ်များကို တွေ့မိတော့ သွေးသစ်မနေနိုင်စွာ ဈေးမေးမိလိုက်သည်....။
ဝဠာကလည်း သွေးသစ်ဘေးမှာ ရပ်ကာ ကြည့်လို့....။
"3500 လေသား...."
"ဟုတ် ဒီနှစ်အုပ်ပေးပါနော်...."
ထိုဦးလေးက စာအုပ်ကို စက္ကူအိတ်ဖြင့် ထည့်ပေးသည်....။ ဒါဟာ တစ်ကယ့်ကို ကောင်းသည်။
တခြားသူများဆို အလွယ်တကူ ကြွပ်ကြွပ်အိတ်နဲ့သာ ထုတ်ပေးပေမယ့် ထိုဦးလေးက တစ်ဆင့်ပြန်သုံးလျှင် ရသော စက္ကူအိတ်ဖြင့်သာ ထုတ်ပေးသည်....။
VOUS LISEZ
Before time Passes (အချိန်မလွန်ခင်)[Complete]
Fiction générale" အချစ် " ဆိုတဲ့ အရာဟာ သိမ်မွှေ့ပြီး အန္တရာယ်ရှိတယ်..... (ဤဇာတ်လမ်းပါ အချို့အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသည်....) Start date End date
![Before time Passes (အချိန်မလွန်ခင်)[Complete]](https://img.wattpad.com/cover/287350752-64-k415379.jpg)