Unicode
မိုးရာသီ မို့လားမသိ...မိုးသားများမှာ အုံ့မှိုင်းလာပြီ...။ ထွန်းလင်းနေသော နေရောင်ခြည်ဟာ တိမ်မဲများဖုံးအုပ်ခံရလေပြီ...။ လူသူအနည်းအကျဉ်း သာရှိသော ပန်းခြံထဲရှိ လမ်းကလေးတွင် .... တွေတွေလေး ငေးငိုင်နေသော လူတစ်ယောက်နှင့် တရှုံ့ရှုံ့ ရှိုက်ကာငိုနေသော မိန်းမပျိုတစ်ဦး....။
ပူလောင်လှပါသည်...။ အချစ်ဆိုသည့် စိတ္တဇနာမ်က ပူလောင်လွန်းလှပါသည်....။
လူတွေဟာ အချစ်စစ်နဲ့တွေ့မိရင် ပိုးဖလံလိုပဲတဲ့ ပူလောင်မှန်းသိသိရက်နဲ့ တစွတ်ထိုးချင်နေတာမျိုး...…!!
ယသော်..မျက်ရည်စများ လက်ခုံနှင့်ဖိသုတ်ကာ
"ဝဠာ.....ကိုသွေးသစ်ကို နင်ခေါ်ထုတ်သွားနိုင်မလား...? "
ဝဠာ ယသော့်ဘက်လှည့်ကြည့်ကာ"ဘာ....!!! ယသော်.....နင်က ခု အားနာတယ်ဆိုပြီး....ဘာသဘောလဲ ဟမ်...နင်အားနာတယ် ဆိုတာ ဒါလား ပြောစမ်းပါ...."
ဝဠာ ယသော်ကို စိုက်ကြည့်လိုက်ပြီး တောက်တချက်ခေါက်လိုက်သည်။ သူမကခု သွေးသစ်ကို သမုနားကခေါ်ထုတ်သွားဖို့ပြောနေတာလား... ခေါ်ထုတ်တာက အရေးမကြီးပေမယ့် သွေးသစ်က သမုနားက ထွက်သွားချင်ပါ့မလား..? သူကိုရော သွေးသစ်က ဘယ်လိုထင်မလဲ....?
ဝဠာ အတွေးထဲ နစ်မျောနေစဉ်...."မဟုတ်ပါဘူး ဝဠာရယ် ...ငါ...ငါပြောတဲ့ အဓိပ္ပါယ်က ခုကိုသွေးသစ်က အရမ်းခံစားနေရတယ်မလား... အကုန်နီးပါး ငါ့ကြောင့်မဟုတ်ပေမယ့် ငါနဲ့လည်းမကင်းဘူးဝဠာ.... အာ့ကြောင့် ခေါ်ထုတ်သွားပေးဖို့ပြောတာ သမုနဲ့နေရင် ကိုသွေးသစ်ဘယ်လိုဖြစ်မလဲ နင်သိတယ်မလား"
"ဒါဆို နင်ကရော...အဲ့စောက်ကောင် ဆီက ဘာလို့ထွက်မသွားတာလဲ...!!! "
ဝဠာအော်ကာပြောတော့ ယသော်မျက်နှာလေး ညိုးကာသွားသည်။ ပြီးမှ ဝဠာကို မျက်ရည်ရစ်ဝဲနေသော မျက်လုံးများဖြင့် ကြည့်ကာ တိုးညင်းသော စကားလုံးများ.....
"ငါ သူ့နားကထွက်သွားရင် သေတာထက်ဆိုးလိမ့်မယ်..."
ပြောပြီးတာနဲ့ ခေါင်းငုံ့သွားသော ယသော်...။
VOCÊ ESTÁ LENDO
Before time Passes (အချိန်မလွန်ခင်)[Complete]
Ficção Geral" အချစ် " ဆိုတဲ့ အရာဟာ သိမ်မွှေ့ပြီး အန္တရာယ်ရှိတယ်..... (ဤဇာတ်လမ်းပါ အချို့အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသည်....) Start date End date