part-23

2.9K 147 7
                                        

Uni

မနက်ကထဲက ခွဲခန်း နှစ်ခါ ဆက်တိုက်ဝင်နေတဲ့ ဝဠာက ခုထိ ထမင်းစားဖို့မပြောနဲ့ ဖင်တောင်မချရသေး...။
ညနေ သုံးနာရီတောင်ရောက်လုနေပြီ ခုထိ သွေးသစ်ဆီမသွားရသေး ....။

အရင်နေ့တွေကဆို တစ်နာရီတစ်ခါ သွေးသစ် ဖွင့်ထားတဲ့ coffee shopလေးဆီ သွားနေကြ ...။ ဒီနေ့တော့ သွားဖို့ ခြေလှမ်းပြင်လိုက် လူနာရောက်လာလို့ကြည့်လိုက်ရနဲ့ အားတယ်ကိုမရှိသေးဘူး....။

ဒီလူနာတစ်ယောက်ကြည့်ပြီးရင်တော့ ဝဠာ ပြန်တော့မည်ဟု ဆုံးဖြတ်ချက်ချထားလိုက်သည်...။

"ဝဠာ..."

"အေး မင်းလာတာနဲ့ အတော်ပဲစော်ဘွား..."

"ဟင်...ငါ့ကိုဘာခိုင်းအုံးမှာလဲ..."

"သမုကိုကြည့်ပေးပါကွာ နော်..."

"ဘောပဲ ဟောင့် double ဘောပဲ..."

"မင်းကလည်း သောက်ပိုတွေပြော‌မနေနဲ့ သမုအတွင်းရေးမှူး မင်းစည်သာကို ဝိုက်နေတာ ငါမသိတာကျလို့...."

"ဟဲ ဟဲ အက်တာကလေ ...."

"လေ မနေနဲ့ ငါလစ်ပြီ ဟောင့် bye bye.."

ဝဠာ ဂျူတီကုတ်ကိုအမြန်ချွတ်ကာ သွေးသစ်ရှိရာ coffee shopသို့ အပြေးနှင်လိုက်တော့သည်...။

'သူအနိုးကို သိပ်ကို လွမ်းနေပြီလေ မတွေ့ရ‌တာ 7နာရီတောင်ရှိနေပြီကိုး.....'

စော်ဘွားလည်း သမုရှိရာ အခန်းကိုပဲ သွားလိုက်တော့သည်...။

"လူနာက ဘယ်လိုနေသေးလဲ..."

"အဆင်ပြေပါတယ် .."

စော်ဘွားက ခေါင်းတစ်ချက်ညိတ်ကာ ဦးနှောက် ဓာတ်မှန်ကို ကြည့်၍

"လူနာရဲ့ ဦးနှောက်လှိုင်းတွေက ပြန်ကောင်းလာပါပြီ...
နှလုံးကလည်း အဆင်ပြေတယ် နောက်တစ်လနှစ်လလောက်ဆို အကုန်လုံးကို သတိပြန်ရလောက်ပြီ..."

ထို့နောက် စော်ဘွားက မင်းစည်သာဘက်တစ်ချက်လှည့်ကာ ရယ်ပြလိုက်သည်...။

မင်းစည်သာ စိတ်ထဲတွင်တော့

'ဒီလူဘာလား ဘာမှလည်းမဆိုင်ပဲ ဘလိုင်းကြီး လာရယ်ပြနေတယ် ဆေးစာတွေကျက်ပါများလို့ ရူးသွားပြီလား'

Before time Passes (အချိန်မလွန်ခင်)[Complete]Wo Geschichten leben. Entdecke jetzt