Unicode
Shopping mall ကိုအရောက်.......
ဝဠာနှင့် သွေးသစ် စာအုပ်တန်းဘက်လျှောက်လာခဲ့သည်။
"သွေးသစ်က စာအုပ် crazyလား အမြဲတမ်းစာအုပ်တွေဝယ်ဖြစ်တယ်နော်....။ "
"ဟုတ်တယ် ကိုမြတ်သွင် ကျွန်တော့်မှာ စာအုပ်ကလွဲလို့ ဘာမှမရှိဘူးလေ.."
ဟုတ်ပါတယ်.....ရောင်စဉ်သွေးသစ်ဆိုတဲ့ သူ့ရဲ့ဘဝမှာ ဘာမှမရှိခဲ့ဘူး မိဘတွေကလည်း သူ့ကိုမျက်ကွယ်ပြုခဲ့သလို...သူချစ်ခဲ့မိတဲ့လူသားကလည်း မျက်ကွယ်ပြုနေတုန်း....။ ဒါကြောင့်လည်း သွေးသစ်ဟာ စာအုပ်များစွာနှင့်ပင် အချိန်ကုန်ခဲ့ရပေသည်.....။
သွေးသစ်ပြုံးပြီး ပြောနေပေမယ့် ဝဠာသိသည် ဒီကလေးက ဘယ်လောက်တောင် မွန်းကျပ်နေမလဲပေါ့....!!!
ချစ်ခဲ့မိလျှင် ကိုယ့်ရဲ့နာကျဉ်မှုကို မမြင်မိပါပဲ
သူ့ရဲ့ အပ်စူးတာကလေးက အစပေါ့ မြင်ယောင်နေမိတာက ဘယ်လိုအကြောင်းတရားများကြောင့်ပါလိမ့်....!!!
"သွေးသစ် ခုဘာလေးဝယ်မလို့လဲ "
"အမ်း....ဒါလေးဝယ်မလားလို့ 'ငါ့အတွက်ငါရှိတယ်' တဲ့ .... ကျွန်တော်မဖတ်ရသေးလို့လေ"
"သွေးသစ်ကြိုက်ရင်ဝယ်ပါ ကိုယ်က စာသိပ်မဖတ်ဖြစ်ပေမယ့် အဲ့တာလေး အရမ်းကောင်းတယ်တဲ့ ကိုယ်ကြားမိတယ်...."
"ဟုတ်"
သွေးသစ်က မူပိုင်အပြုံးလေးဖြင့်ပြုံးပြကာ ဝဠာကလည်းစိတ်ထဲ 'နောက်ဆို စာပေအကြောင်းတွေလေ့လာရမယ်'ဆိုပြီးတွေးလျက်....။
~~~~~~~~~~
"အနိုး....အယ်မှားလို့ သွေးသစ် တစ်ခုခုစားရအောင်လေ 11:30နေပြီ"
သွေးသစ် အနိုးလို့ခေါ်သံကြားတော့ စူးရှသောအကြည့်ဖြင့်ဝဠာကို ကြည့်လိုက်သည်။ ပြီးမှမှားသည်တဲ့ နာမည်က အဲ့လောက်လွဲနေတာကို မှားသည်ရှိရဲ့လား...။ သွေးသစ်လည်း ဥပက္ခာပြုလိုက်ကာ တစ်ခုခုစားဖို့ခေါင်းငြိမ့်လိုက်သည်။
ဝဠာမှာတော့ သူဆွဲထိုးခံရတော့မလား ဆိုပြီး မှားမိတဲ့ပါးစပ်ကို
'ဝဠာရေ မှားစမ်းအုံး မှားစမ်းအုံး' ဆိုပြီး လက်ဖျားနဲ့ပါးစပ်ကိုအသာရိုက်ကာ သွေးသစ်နောက်အသာလိုက်လာခဲ့တော့သည်။
KAMU SEDANG MEMBACA
Before time Passes (အချိန်မလွန်ခင်)[Complete]
Fiksi Umum" အချစ် " ဆိုတဲ့ အရာဟာ သိမ်မွှေ့ပြီး အန္တရာယ်ရှိတယ်..... (ဤဇာတ်လမ်းပါ အချို့အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသည်....) Start date End date
![Before time Passes (အချိန်မလွန်ခင်)[Complete]](https://img.wattpad.com/cover/287350752-64-k415379.jpg)