unicode
"တင်း....တောင်...တင်း..တောင်...."
ဝဠာ တစ်ယောက် ယသော့် ခြံဘဲလ်ကို အဆက်မပြတ်တီးနေစဉ်...အိမ်ထဲမှ ပိန်ပိန်ရှည်ရှည် အမျိုးသမီးတစ်ယောက် ထွက်လာသည်။ မျက်နှာတွင်လည်း နူးညံ့သောအပြုံး တချို့နှင့်.....။ ထိုသူမှာ ယသော်၏ အမေ ဒေါ်ကေသီ ပင်ဖြစ်သည်။
ဒေါ်ကေသီ ခြံတံခါးကို ဖွင့်ရင်း......ဝဠာ့ကိုပြုံးပြကာ
"ဟယ်.....သားဝဠာ မလာတာတောင် ကြာပြီကွယ်...အန်တီက သားနယ်ဝေးသွားရတယ်ထင်နေတာ ...သားညီမကလည်း ဘာမှမပြောတော့လေ..."
"ဟုတ် အန်တီကေသီ ...ကျွန်တော် ဒီရက်ပိုင်းမအားလို့ပါ...။ ဒါနဲ့ ယသော်ရှိလား..."
"ရှိပါ့ကွယ် ...ရှိပါ့...။ လာသားလာ "
ဒေါ်ကေသီ ဝဠာအား ဧည့်ခန်းတွင်ထိုင်စေကာ....
"ထိုင်အုံးနော် သားဝဠာ ...။ သမီး ယသော်ရေ....မောင်ဝဠာလာတယ်ကွယ့်...."
"ဟုတ်...ဟုတ်အမေ.."
ယသော် ဝဠာလာသည်ဟု ကြားသည်နှင့်တစ်ပြိုင်နက် မျက်နှာတစ်ပြင်လုံး ဖြူစုတ်သွားသည်။ ယသော်သိပါသည် ဝဠာက ကိုသွေးသစ်ကို ကြိုက်နေသည်ဆိုတာ...။ ခုလည်း ဝဠာက အကြောင်းအရင်းမရှိပဲလာမည်မဟုတ်.....။ သို့ပေမယ့်လည်း ယသော် သက်ပြင်းသဲ့သဲ့ချကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။
ဧည့်ခန်းထဲရောက်သည်နှင့် မေမေနှင့်ပြုံးပြုံးရွှင်ရွှင်စကားပြောနေသော ဝဠာ.....။
ယသော်ဆင်းလာတာလည်း မြင်ရော လှည့်ကြည့်လာသည့်အကြည့်က ဝဠာသာ နဂါးဖြစ်မည်ဆို ယသော်ပြာကျလောက်ပြီဖြစ်လေမည်။ ယသော် ပိုသေချာသွားပါပြီ ကိုသွေးသစ် တစ်ခုခုဖြစ်လို့ ခု သူမဆီရောက်လာရခြင်းပင်....။
ယသော်ကြားမိသည်.....လွန်ခဲ့တဲ့ တစ်ပတ်က shopping mallမှာ ပြဿနာဖြစ်ပြီး ကိုသွေးသစ် ဆေးရုံတင်လိုက်ရတယ်ဆိုတဲ့အကြောင်း.....သူငယ်ချင်းတစ်ယောက်ကပြောလို့ သိခဲ့ရသည်။ ကိုကိုလား အဲ့နေ့ကထဲက ယသော်နဲ့အဆက်သွယ်ပြတ်ခဲ့တာ ဒီနေ့ထိဆိုပါတော့ နောက်နေ့ထိလည်း ရက်ဆက်ချင် ဆက်သွားနိုင်တယ်....။
ဘာလို့ဆို သမုတိရာဇ်က သူမကို ချစ်မှမချစ်ခဲ့ပဲ....!!
သမုချစ်တာ သွေးသစ်ဆိုတာ သူမ သိခဲ့တာကြာပါပြီ ဘာကြောင့်သမုက မုန်းချင်ယောင်ဆောင်နေလဲတော့ သူမ မသိခဲ့ ဘာပဲဖြစ်နေပါစေ သမု သူမကို နှင်မထုတ်သရွေ့ သူမဟာ ကပ်တွယ်နေအုံးမှာပဲ ဒါဟာ သူမ၏ အတ္တငယ်.....။
![](https://img.wattpad.com/cover/287350752-288-k415379.jpg)
BẠN ĐANG ĐỌC
Before time Passes (အချိန်မလွန်ခင်)[Complete]
Tiểu Thuyết Chung" အချစ် " ဆိုတဲ့ အရာဟာ သိမ်မွှေ့ပြီး အန္တရာယ်ရှိတယ်..... (ဤဇာတ်လမ်းပါ အချို့အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသည်....) Start date End date