Unicode
ဒေါက်တာ ထွက်သွားကာမှ ဝဠာတစ်ယောက် သွေးသစ်လက်လေးကိုဆုပ်ကိုင်ကာ သွေးသစ် နှာဖူးပေါ်တွင်ဝဲကျနေသော ဆံစများကိုသပ်တင်လျက်......မေ့မြော၍ ဖျော့တော့နေသော မျက်နှာငယ်လေးအား..... ငေးကြည့်ကာ....
"အနိုးရယ်........
အရမ်းစိတ်ညစ်နေရလား...ကိုယ်လူလိမ်မာ မဖြစ်ချင်တော့ဘူးကွာ......အနိုးခံစားနေရတာတွေကိုလည်း ကိုယ်မကြည့်ရက်နိုင်တော့ဘူး....အနိုးကို သမုလက်ထဲက ကိုယ်မရရအောင်ဆွဲထုတ်မယ်...!!! "ဝဠာ၏ မျက်ရည်စက်များက သွေးသစ်၏ လက်ဖျံပေါ်သို့ တစ်စက်စက် ....!
ဝဠာ မျက်ရည်များကို သုတ်ကာ သွေးသစ် လက်လေးကိုကိုင်ပြီး......"လိုက်မယ်မလား....? အနိုး ကိုယ့်နောက်ကို လိုက်မယ်မလားဟင်.... အနိုးမျက်နှာငယ်မှုတွေက ကိုယ့်ကမ္ဘာပျက်ရလောက်တဲ့ထိ နာကျဉ်ရလို့ ကိုယ့်ဆီလာနေပါ အနိုးရယ်...... ကိုယ်အနူးညွှတ်တောင်းပန်ပါတယ် လာခဲ့ပါ ...."
ဝဠာ သွေးသစ်၏ ဖြူဖျော့နေသော မျက်နှာသွယ်သွယ် ၊ အညိုရောင်သန်းနေသော မျက်ကွင်းများ.... ဖြူစုပ်ပြီး ခြောက်သွေ့ကာ ကွဲအက်နေသော နှုတ်ခမ်းနှစ်လွှာ....ဝဠာ သွေးသစ်၏ အစိတ်အပိုင်းတစ်ခုစီကို အသာယာထိကြည့်ရင်း နှာဖူးပြေပြေလေးသို့ ခိုးကာနမ်းရှိုက်လိုက်သည်.....။
"ကိုယ်နမ်းသော အနမ်းတစ်ပွင့်ကြောင့် နွေးထွေးမှုများ အနိုးမသိစိတ်က ခံစားရပါစေသား....."
~~~~~~~~~~~~
"ယသော် မင်းအိမ်ကို taxi ငှားပြီးပြန်လိုက်တော့...."
ယသော်ပြောချိန်ပင်မရလိုက် သမုကထွက်သွားခဲ့ပြီ....။
ယသော် ဆိုင်ထဲမှထွက်လာကာ taxiတစ်စီး ငှားစီးရင်း..
' ကိုကိုက ယသော့်ကို မချစ်တော့ဘူး အရင်လို ... အရင်ကတောင်ချစ်ခဲ့ရဲ့လား ယသော်သေချာမသိဘူးကိုကို....
ဒါပေမယ့် ကိုကိုမသိစိတ်က ကိုသွေးသစ်ကို ချစ်မိနေတာတော့ ယသော်ခုပိုရိပ်မိနေပြီ....ကိုသွေးသစ် ယသော် တောင်းပန်ပါတယ် ယသော်လေ ကိုကို့ကိုလက်မလွှတ်နိုင်လို့..... လက်လွှတ်ကြည့်ခဲ့ပါတယ်....ဒါပေမယ့် ကိုကိုက မလိုဘူးတဲ့ ဆက်တွဲမယ်တဲ့....ယသော်လေ သူများအိမ်ထောင်ရေးလည်းမဖျတ်ချင်မိပါဘူး ......!!! ဒါပေမယ့် ....ဒါပေမယ့် ကိုကိုက ယသော့်လက်ကိုလွှတ်မပေးဘူး ယသော့်ဘက်က အတ္တလည်းပါနေပါတယ်.....ကိုကိုသာ ယသော့်ကိုလက်လွှတ်ခဲ့ရင် ယသော်ထွက်သွားပေးပါ့မယ်......
KAMU SEDANG MEMBACA
Before time Passes (အချိန်မလွန်ခင်)[Complete]
Fiksi Umum" အချစ် " ဆိုတဲ့ အရာဟာ သိမ်မွှေ့ပြီး အန္တရာယ်ရှိတယ်..... (ဤဇာတ်လမ်းပါ အချို့အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသည်....) Start date End date