Uni
ပြင်ဦးလွင်မြို့လေး၏ ပြည်သူ့ဆေးရုံတွင်......
ခွဲစိတ်ခန်းရှေ့တွင်ရပ်နေကြသော.....လူတစ်ချို့ အားလုံး၏ မျက်ဝန်းထဲတွင် စိုးရိမ်မှုများနှင့်.....!!!
ဝဠာက သွေးသစ် ပုခုံးလေးကို အသာပုတ်ကာ
"အနိုး....ငိုချင်ငိုချလိုက်နော်...
ကိုယ့်ရဲ့ပုခုံးနှစ်ဖက်က အနိုးမူပိုင်...."သွေးသစ် ခေါင်းခါကာ ပိတ်နေသော ခွဲစိတ်ခန်းတံခါးကိုသာ စိုက်ကြည့်နေသည်....။
တံခါးနားတွင် မျှော်လင့်တကြီး ရပ်စောင့်နေသော
ယသော် နှင့် ထိုင်ခုံပေါ်တွင်ထိုင်နေကြသော
ဦးစေခရာဇ်နှင့် မင်းစည်သာ(သမု အတွင်းရေးမှူး)အားလုံးတွင် ဝမ်းနည်းကြေကွဲမှုများနှင့်သာ.....
အချိန်အားဖြင့် သုံးနာရီလောက်ကြာသွားသောအခါ....ခွဲစိတ်ခန်းထဲမှ ဆရာဝန်ကထွက်လာခဲ့သည်....။
ဆရာဝန်က မျက်နှာညိုးငယ်စွာနှင့်
ခေါင်းရမ်းလိုက်သောအခါ ယသော် အရုပ်ကြိုးပျက် ကြမ်းပြင်ပေါ်...လဲကျသွားသည်.....။မငိုပါပဲ မျက်ရည်တွေက စီးကျလို့.....
"ဒါမယ့် နောက်ဆုံးနည်းလမ်း တစ်လမ်းတော့ရှိသေးတယ်....."
ဦးစေခရာဇ်က မြန်မြန်ပဲ
"ဒေါက်တာ ဘာနည်းလမ်းလဲ ပြောပါ ကျွန်တော်... ကျွန်တော့်သားအတွက် ဘာမဆိုလုပ်ပေးပါမယ်..."
"လူနာက ဦးခေါင်းပိုင်းကိုလည်း အများကြီးထိထားတယ် ပိုဆိုးတာက နှလုံး ...!! သံချွန်ကြောင့်နှလုံးက ပျက်စီးသွားခဲ့ပြီ...."
ဆရာဝန်က သက်ပြင်းသဲ့သဲ့ချကာ.
"သုံးရက်အတွင်း နှလုံးအစားထိုးကုဖို့ နှလုံးရှာရမယ် ပြီးတော့....တကယ်လို့ အစားထိုးမှုအောင်မြင်ရင်တောင် ဦးခေါင်းက ဒဏ်ရာကြောင့် ပြန်သတိရဖို့ဆိုတာ ၃၀% ပဲရှိတယ်...."
"ဗျာ....."
"ဟင်...."
အားလုံး၏ အာမေဋိတ်များက တပြိုင်နက်ထဲ ....
ဝဠာလည်း ခန့်မှန်းမိသည် သူလည်း
ဆရာဝန်တစ်ယောက်ပဲမလား...
သမုအခြေအနေက အရမ်းဆိုးတယ် အသက်ပြန်ရှင်ဖို့ဆိုတာ ရာခိုင်နှုန်း အရမ်းနည်းလွန်းတယ် ....
VOCÊ ESTÁ LENDO
Before time Passes (အချိန်မလွန်ခင်)[Complete]
Ficção Geral" အချစ် " ဆိုတဲ့ အရာဟာ သိမ်မွှေ့ပြီး အန္တရာယ်ရှိတယ်..... (ဤဇာတ်လမ်းပါ အချို့အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသည်....) Start date End date