part-21

3.2K 183 26
                                        

Uni

"အနိုး....ကိုယ်အလုပ်သွားတော့မယ်..."

သွေးသစ် ခေါင်းလေးငြိမ့်ပြတော့ ဝဠာက....

"ကိုယ်လေ ...အနိုးအပြုံးတွေပြန်မြင်ချင်လိုက်တာ....မဟုတ်ဘူး မြင်ဖူးချင်တာ...."

"ဟို...အဲ့တာ...အဲ့တာက..."

ခေါင်းငုံ့ကာ ပြောနေသော သွေးသစ်မျက်နှာလေးကို ဝဠာဆွဲမော့စေကာ.....

"ကိုယ်သိပါတယ်.. ဒါမယ့်လေ ‌ဒါမယ့်.....
ကိုယ့်ရဲ့အချစ်က အရမ်းကို ကြီးကျယ်မြင့်မြတ်နေတယ်လို့လည်း ကိုယ်မခံယူပါဘူး.....

ဒါမယ့် အနိုးက ချစ်တာကိုခနလောက်ရပ်ပေးထားပါလို့ ပြောတဲ့အထိ ကိုယ်က ချစ်ပြသွားမှာ.....

အက်တာကြောင့် အနိုးစောင့်ကြည့်ပေးပါနော် ကိုယ့်နောက်လိုက်ခဲ့လို့ အနိုးမျက်နှာ တစ်ချက်မညိုးစေရဘူး.......

ကိုယ်ခုပြောတဲ့စကားတွေ မတည်ခဲ့လို့ အနိုးကိုယ့်နားကထွက်သွားချင်ရင်ပြောပါ ကိုယ်ရင်နာနာနဲ့ သွားချင်တဲ့အရပ်လိုက်ပို့ပေးပါ့မယ်.....

ဒါမယ့်အနိုး....အက်ကိစ္စက ဖြစ်လာမှာမဟုတ်ဘူး......ဘာလို့ဆို ကိုယ်က အနိုးကို ဘယ်တော့မှ လက်လွှတ်မှာမဟုတ်လို့လေ..."

သွေးသစ် ဘဝမှာ ခုလိုတစ်ခါမှ အပြောမခံဖူးပါ ထို့ကြောင့် နဲနဲရှက်အန်းအန်းဖြစ်ရပေသည်....။ ဝဠာလည်း သွေးသစ်မျက်နှာတွေ နီနေတာကို တွေ့မိတော့
မျက်လုံးများမှိတ်သည် အထိရယ်ပြကာ

"ကိုယ် သွားပြီအနိုး... ဂရုစိုက်ရမယ်နော် တစ်ခုခုဆို ကိုယ့်ဆီဖုန်းဆက်လိုက် ဒီကလူကြီးက စက္ကန့်မခြားအရောက်လာခဲ့မယ်...."

ပြီတီတီပြောနေတဲ့ဝဠာကို သွေးသစ်အမြင်ကတ်စွာမျက်စောင်းထိုးပြီး

"ကဲ သွားပါတော့ဗျာ...ဆက်မယ်ဟုတ်ပြီလား...တကယ်စကားကလည်းများလိုက်တာ...."

"ဟားးးး ဟားးးး ကဲ သွားပါပြီဗျာ...ဆေးလိပ်မသောက်နဲ့တော့နော် ..."

သွေးသစ်ခေါင်းခါပြကာ ဝဠာ့ကို ကားပေါ်သို့ အတင်းပို့လွှတ်လိုက်သည်...။ မဟုတ်ရင် ဒီလူကြီးက ဆေးရုံကိုရောက်တော့မည်မဟုတ်.....။

Before time Passes (အချိန်မလွန်ခင်)[Complete]Donde viven las historias. Descúbrelo ahora