Uni
"ဟင့်အင်း....ဒယ်ဒီ မလုပ်နဲ့ မထိနဲ့ သွေးသစ်...!!! "
သွေးသစ်နှင့် မင်းစည်သာ လျှောက်လမ်းအတိုင်းလမ်းလျှောက်ရင်း စကားပြောနေစဉ်..... သမုဆီမှ အသံကြောင့် အခန်းဆီအမြန်ပြေးလိုက်ကြသည်....။
"သမု ဘာဖြစ်တာလဲ...."
"Boss....!! "
အခန်းထဲဝင်တော့ သမုက ကုတင်ပေါ် မှာ ဒူးနှစ်ဖက်ကိုပိုက်ပြီး ထိုင်နေကာ တစ်ကိုယ်လုံးကလည်း ကြောက်စိတ်ကြောင့်တုန်ယင်နေသည်.....။
သမုရှေ့တွင်တော့ သမုအဖေဟာ မျက်ရည်စများနှင့်....
သမု၏ လက်ထဲတွင်လည်း ခက်ရင်းတစ်ချောင်းကိုကိုင်ကာထားသေးသည်.....။
သမု မင်းစည်သာကိုတွေ့တော့....
"စည်သာ...."
"Bossမကြောက်နဲ့နော် သူကျွန်တော်တို့ကို ဘာမှမလုပ်နိုင်သလို bossကိုလည်း ဘာမှမလုပ်နိုင်ဘူးဆိုတာသိတယ်မလား....."
သမု မျက်ရည်စများနှင့် ခေါင်းညိတ်ပြလိုက်သည်....။ သူ(သမု) သိပါသည်...ဒယ်ဒီက သူ့ကိုရော စည်သာတို့ကိုပါ ဘာမှမလုပ်နိုင်ဘူးဆိုတာ သူသိသည်....။ ဒါပေမယ့် သူခုထိကြောက်စိတ်တွေဝင်နေမိတုန်း.....။
သမု မင်းစည်သာရင်ခွင်ထဲဝင်လိုက်ကာ.....စည်သာက
ဦးစေခရာဇ်ကို မျက်မုန်းကျိုး ကြည့်ကာ..."ခင်ဗျား ဘာလာလုပ်တာလဲ ခင်ဗျားကြောင့် ခင်ဗျားသား ဘယ်လိုဖြစ်နေပြီလဲမသိတာလား ဟမ်....သားဆီလာမယ် တောင်းပန်မယ် ငိုပြရုံနဲ့ မရဘူးဗျ
ခင်ဗျား နားမလည်တာလား bossက ခုဘာဖြစ်နေတာလဲ ခင်ဗျား မသိတာလား....!!! ""မ...မဟုတ်ဘူး....ဦးလေးက သားဆီ ...သားဆီ..."
"တော်စမ်းပါဗျာ....သားလို့ခေါ် ဖို့ရော ခင်ဗျားနဲ့ထိုက်တန်လို့လား....boss ခံစားနေရတာ အနှစ် ၂၀ နှစ်၂၀ရှိပြီဗျ...တော်ကြပါတော့ဗျာ....boss ကခင်ဗျားပေါ် ဘာတွေများလုပ်ခဲ့လို့ ခုထိအပြစ်ဒဏ်တွေသင့်နေရတာလဲ...."
"ဟို ဦးလေး တောင်း..."
"ဦးလေး ထွက်သွားလိုက်တော့ ဒီချိန်မှာ ဦးလေးက သမုဘဝထဲမှာမရှိတာအကောင်းဆုံးပဲ....."
YOU ARE READING
Before time Passes (အချိန်မလွန်ခင်)[Complete]
General Fiction" အချစ် " ဆိုတဲ့ အရာဟာ သိမ်မွှေ့ပြီး အန္တရာယ်ရှိတယ်..... (ဤဇာတ်လမ်းပါ အချို့အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသည်....) Start date End date