Bangtan ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့တွင်...
ကားအကောင်းစားတွေအလျှိုလျှိုရပ်လာကြပြီးထိုကားတွေပေါ်မှ ဆင်းလာတဲ့ကျောင်းသားကျောင်းသူတွေ..Bangtan ကျောင်းကို Golden group ကတည်ထောင်ထားတာဖြစ်ပြီး ပိုက်ဆံရှိတဲ့သူများသာတက်နိုင်တဲ့ကျောင်းဖြစ်သည်...ကျောင်းရဲ့တစ်နှစ်စာပေးသွင်းရတဲ့ငွေပမာဏက စျေးကြီးသလိုကျောင်းကန်တင်းကအစားအသောက်တွေကလည်း တစ်လတစ်လ နင့်နေအောင်လခပေးစားရတာကြောင့်ဖြစ်သည်...
သို့ပေမယ့်လူတိုင်းက Bangtan ကျောင်းမှာတက်ချင်ကြသည်..ထိုကျောင်းထွက်တွေဆိုဘယ်နေရာမှာရောက်ရောက် မျက်နှာပန်းလှသလို အလုပ်ဆိုလည်းအလွယ်တကူရသည်လေ..ဒါပေမယ့်ဆင်းရဲတဲ့သူတွေလာတက်ရင်တော့ လူရာအသွင်းမခံရသလို အနိုင်လည်းကျင့်ခံရတတ်သည်...
ဒါကဝတ္ထုထဲမှာဖော်ပြထားတဲ့အကြောင်းအရာတွေ...
Taehyung ကျောင်းရှေ့ရောက်တော့မဆင်းချင်ဘူးဖြစ်နေသည်..သူ့ပုံစံကိုလူတွေဟားမှာသေချာသည်...အကြောင်းက ဒီဝတ္ထုထဲကသူ့ရဲ့ပြင်ဆင်ပုံတွေကြောင့်ဖြစ်သည်..အခုသူ့ပုံစံက မျက်လုံးတဝိုက်ကိုအမဲရောင်တွေချယ်ထားပြီး ဆံပင်ကိုကျဂျယ်တွေနဲ့ထောင်ထားသည်..
ပြီးတော့လက်မှာလက်ပတ်အမဲတွေနှင့်လည်ပင်းမှာလည်းဆွဲကြိုးအချွန်အတက်တွေကိုဆွဲထားသည်..တက်တူးအစစ်မဟုတ်တဲ့ Sticker tattoo တွေလည်းခန္တာကိုယ်အနံ့ကပ်ထားသေးသည်...ဒီလိုပုံစံရအောင်အိမ်တော်မှာ Fashion Designer တွေကသက်သက်ကိုရှိသည်..ခါတိုင်းကျောင်းသွားနေကျပုံစံနှင့် Taehyung ကျောင်းကိုရောက်နေခြင်းပင်..
ဒီဝတ္ထုထဲကPunk ရူးဇာတ်ကောင်အတိုင်း Taehyung ပြင်ဆင်လာရပေမယ့် အခုကျောင်းရောက်တော့ကားပေါ်ကဆင်းရမှာတွန့်နေသည်...
"သခင်လေးကျောင်းရောက်ပါပြီ "
အလိုက်မသိတဲ့ Driver ကလည်းဆင်းဖို့လောက်ပြောနေတာနဲ့ Taehyung တွန့်ဆုတ်တွန့်ဆုတ်နဲ့ပဲဆင်းလာခဲ့ရသည်..
ကိုယ့်မျက်နှာကိုယ်ကွယ်ကာ ကျောင်းထဲကိုဝင်လာတဲ့ Taehyung..
"ဟေး Bro.. Taehyung "
YOU ARE READING
My Boyfriend is a Villain 😈(Complete)
FanfictionTaehyung.."ငါမင်းကိုကြိုက်တယ် Jeon Jungkook..ငါတို့တွဲရအောင်" [မင်းသားနှစ်ယောက်မြန်မြန်ညှားဖို့ ငါပဲအနစ်နာခံလိုက်ပါ့မယ်..] Jungkook.."မင်းငါ့ရဲ့ခန္ဓာကိုယ်ပဲရချင်ရလိမ့်မယ်..ငါ့အချစ်ကိုတော့ရဖို့မမျှော်လင့်နဲ့ " Taehyung.."မင်းမချစ်ရင်တောင် ငါကတော့ဆက်ခ...