Ep 12

15.9K 1.6K 278
                                    

"Taehyung na..."

ကျောင်းထဲဝင်နေတုန်းသူ့နာမည်ခေါ်လိုက်တဲ့သူကြောင့် Taehyung လှည့်ကြည့်လိုက်သည်..သေချာပေါက် Jimin အသံဆိုတာသိပေမယ့် Jimin ကိုမတွေ့...

ဟိုရှာဒီရှာလုပ်ပေမယ့် Jimin ကိုတော့မမြင်...

"ဘာလဲဟငါ Jimin အသံကိုသေချာကြားလိုက်ပါတယ် "

ထိုအချိန်မှာပဲကုတ်ချောင်းကုတ်ချောင်းနဲ့သူ့အနားရောက်လာတဲ့လူတစ်ယောက်..ထိုလူကအနက်ရောင်လျှာထိုးဦးထုတ်ကိုဆောင်းထားပြီး Mask အမဲကိုလည်းတပ်ထားသေးသည်..Taehyung ထိုလူလွယ်ထားတဲ့လွယ်အိတ်ကိုမြင်မှ...

"Jimin?"

Jimin ကခေါင်းငြိမ့်ပြကာ Taehyung လက်ကိုချိတ်လိုက်သည်...

"Taehyung na...ငါဒီပုံစံကြီးဝတ်လာတာ ကိုယ့်ကိုယ်ကိုယ်ကွန်ဖီးဒန့်စစ် မရှိသလိုဘဲ "

Taehyung ကိုလက်ချိတ်လျှက်ပင်လမ်းလျှောက်နေ ရင်းဘေးကနေ တွတ်ထိုးကာပြောနေတဲ့ Jimin..

Taehyung က Jiminရဲ့ဦးထုတ်ကိုဆွဲချွတ်လိုက်ပြီး...

"ပြစမ်းကြည့်ရအောင်..."

"Ya..Ya..Taehyung ဟေ့ကောင်ပြန်ပေးငါ့ဦးထုတ်..ငါရှက်တယ်လို့ "

Taehyung က မပေးတဲ့အပြင်လက်ကိုအပေါ်တောင်မြောက်ပြစ်လိုက်သေးသည်..Jimin ရဲ့ခပ်လုံးလုံးဆံပင်လေးက အရင်ကလိုထိုးထောင်မနေဘဲ ကျောင်းဝတ်စုံလေးနဲ့ကြည့်ကောင်းနေသည်...မျက်လုံးတဝိုက်ကလည်းအရင်လိုအမဲရောင်တွေမရှိတော့...Mask အုပ်ထားပေမယ့်ရဲပတောင်းခတ်နေတဲ့နဖူးလေးက Jimin ဘယ်လောက်ရှက်နေလဲဆိုတာသိသာစေသည်..

Taehyung သူဆက်စရင်ငိုမယ့်အရိပ်အယောင်တွေမြင်တာကြောင့် Jimin ကိုဦးထုတ်ပြန်ပေးလိုက်သည်..အေးလေ Punk ပုံစံပဲနေလာကျဆိုတော့ ပုံမှန်ဖြစ်အောင်ကျင့်သားရဖို့လိုသေးတာကိုး..

"ဘာလို့ရှက်နေတာလဲ..အိမ်မှာလဲဒီလိုပဲနေနေကျကို "

Jimin ကဦးထုတ်ကိုသေချာဆောင်းပြီးမှ...

"မင်းဘာသိလို့လည်း..ငါအပြင်မှာဒီလိုမျိုးပုံစံလာလို့ရအောင် ဘယ်လောက်တောင်သတ္တိမွေးခဲ့ရလဲဆိုတာ "

"မင်းကြည့်ရမဆိုးပါဘူး ရှက်မနေပါနဲ့တော့ "

"ငါနောက်ရက်ထပ်မဝတ်လာတော့ဘူး."

My Boyfriend is a Villain 😈(Complete)Where stories live. Discover now