Ep 29

16.2K 1.4K 611
                                    

Taehyung စူပုတ်ပုတ်နဲ့ပြန်လှည့်လာသည်..Jungkook ဝယ်ပေးထားတဲ့ Ph ကိုယူကာ နေရာမှာပြန်ထိုင်လိုက်တဲ့ Taehyung...မယူလို့လည်းမရတော့ဘူးလေသူ့မှာ Ph မှမရှိတော့တာ...

Jungkook လည်းထိုင်ခုံမှာပြန်ထိုင်လိုက်ပြီး Taehyung ကိုကြည့်ကာ..

"မင်း Ph No ကိုနောက်ဆိုလူတိုင်းမပေးနဲ့..အလုပ်ကိစ္စဆိုလည်း ငါပေးဆိုမှပေး "

"Boos Jeon ရဲ့ကောင်မလေးတွေဆိုရင်ရောလား "

Taehyung ဘုဆက်ဆက်နဲ့ပြန်မေးလိုက်သည်..

"သူတို့ရောပါတယ်...နောက်ဆိုကောင်မလေးတွေကိစ္စမင်းဝင်ပါစရာမလိုတော့ဘူး ငါတခြားတယောက်လွှဲလိုက်မယ် "

(ငါ့ကိုဒါတွေမလုပ်ခိုင်းတော့တာ...လစာလျှော့မလို့တော့မဟုတ်ပါဘူးနော်...Company ကအဲ့လောက်လည်းအခြေအနေမဆိုးသေးပါဘူး)

"ဟိုလေ.Boss Jeon...လစာကတော့အရင်အတိုင်းပဲမလား "

"ဘာလဲအရမ်းများနေလို့လား "

"မဟုတ်ပါဝူး..မဟုတ်ပါဝူး..အဆင်ပြေပါတယ် ဟဲဟဲ "

Taehyung မျက်နှာချိုပြန်သွေးလိုက်ရသည်...ခနကသူ့Phကိုပြစ်ချသလိုစိတ်ဖောက်ပြီး လစာလျှော့လိုက်မှာလည်းစိုးရသည်လေ...

Taehyung Ph ကိုထုတ်ပြီးသူမှတ်မိသလောက်သူငယ်ချင်းတွေနဲ့ Jungkook ရဲ့ Ph No ကိုမှတ်ထားလိုက်သည်...Jungkook အတွက် Contact Nameကို "စိတ်ကြီးဝင်နေတဲ့Boss" ဆိုပြီးပေးလိုက်သည်...

Taehyung သူ့ဟာသူနာမည်ပေးပြီးသဘောကျကာတခစ်ခစ်ရယ်နေမိသည်..ထိုအဖြစ်အပျက်ကိုသဘောတကျပြုံးကာကြည့်နေတဲ့ Jungkook...

(သူအဲ့Phကိုတော်တော်သဘောကျနေတာထင်တယ်...နောက်ခါ Taehyung သဘောကျတာများများဝယ်ပေးရမယ်)

Jungkook တယောက်သူ့ကိုယ်သူတောင် သတိမထားမိဘဲ Taehyung ကိုနူးနူးညံ့ညံ့ကြည့်နေမိသည်..
.
.

Jungkook ကအခုရက်ပိုင်းကောင်မလေးတွေနဲ့မတွေ့တာကြောင့် Taehyung နည်းနည်းတော့ခံစားရသက်သာနေသည်...အရင်ကလို Jungkook ရဲ့ဇယားတွေကိုလိုက်ရှင်းပေးဖို့လည်းမလို...

သို့ပေမယ့် Taehyung သူ့နောက်ကျောမလုံသလိုအမြဲခံစားနေရသည်...နောက်လှည့်ကြည့်တိုင်းလည်း Jungkook ကရှိနေတတ်ပြီးသူ မဟုတ်သလိုပင်အကြည့်လွှဲလွှဲတတ်သေးသည်...သူ(th)များအမှားတခုခုလုပ်မိထားလားဆိုတော့လည်းမဟုတ် Jungkook ဘက်ကသူ့ကိုအပြစ်ပြောတာတွေမှမရှိဘဲလေ...

My Boyfriend is a Villain 😈(Complete)Where stories live. Discover now