"အား ကျွတ်..ခေါင်းကိုက်လိုက်တာ "
Jungkook နားထင်ကိုလက်နဲ့ဖိကာ ထထိုင်လိုက်သည်..မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ပတ်ဝန်းကျင်ကသူ့အိမ်ကိုမပြန်ဖြစ်ဘူးဆိုတာကိုဖော်ပြနေသည်..
ကုတင်ခြေရင်းမှာပြန့်ကျဲနေတဲ့သူ့အဝတ်အစားတွေကြောင့် Jungkook စောင်ကိုလှန်ကြည့်လိုက်တော့ဘောင်ဘီတွေရှိမနေ..သူ့တကိုယ်လုံးကအဝတ်အစားနဲ့တူတာဆိုလို့တစ်ခုမှမရှိဘဲ ဝတ်လစ်စတစ်ဖြစ်နေသည်..
Jungkook မနေ့ညကအဖြစ်အပျက်တွေကိုတစ်ခုချင်းပြန်စဥ်းစားနေမိသည်..
(မနေ့က Club ကိုလာတယ်..ပြီးတော့ Seoul တက္ကသိုလ်ကအမကြီးတွေလာမိတ်ဖွဲ့တယ်..ပြီးတော့ပန်ဒါကောင်နဲ့သူ့သူငယ်ချင်းရောက်လာတယ်..အမကြီးပေးတဲ့ခွက်ကိုသောက်ပြီး...)
အဲ့တာနောက်ပိုင်းကို Jungkook မှတ်မိတချက် မမှတ်မိတချက်ဖြစ်နေသည်..Seoul တက္ကသိုလ်က အမကြီးသူ့အရာကိုခံစားလို့ကောင်းအောင်လုပ်ပေးတုန်းက သူတွန်းထုတ်ချင်ပေမယ့်သူ့မသိစိတ်ကထိုခံစားချက်ကိုကျေနပ်နေပြန်သည်..Kim Taehyung ရောက်လာမှသူ့အသိစိတ်နည်းနည်းပြန်ဝင်လာခဲ့သည်..
သူ့ကိုပြစ်ထားဖို့ပြင်နေတဲ့ Kim Taehyung ကိုရစ်ချင်တာကြောင့်Clubကသူ့အခန်းထဲကို Jungkook လိုက်ပို့ခိုင်းခဲ့သည်..ပြီးတော့သူ့ခန္ဓာကိုယ်ရဲ့ခိုင်းစေချက်အရ Kim Taehyung ကိုနမ်းမိခဲ့သည်..နောက်ပိုင်းသူ Kim Taehyung ကိုဘာထပ်လုပ်မိမှန်းစဥ်းစားလို့မရတော့ဘူး..
Jungkook ဘယ်လောက်စဥ်းစားစဥ်းစား Taehyung ကိုနမ်းပြီးနောက်ပိုင်းသတိမရတော့..သူစဥ်းစားနေတုန်းမှာပင် ဘေးမှာလှုပ်စိလှုပ်စိဖြစ်နေတာကိုခံစားမိတာကြောင့်ကြည့်လိုက်တော့ အပေါ်ပိုင်းဗလာဖြစ်နေတဲ့လူတစ်ယောက်..ထိုလူကသူ့ဘက်ကိုလှည့်လာတော့ မြင်လိုက်ရတဲ့မျက်နှာကြောင့် Jungkook မျက်လုံးတွေပြူးကျယ်သွားရသည်..
သူရင်းနှီးနေတဲ့မျက်နှာတစ်ခု..သို့ပေမယ့်ဘယ်သူမှန်းမမှတ်မိ..ထိုလူရဲ့လည်ပင်းကအမှတ်နဲ့ကိုက်ရာတွေက ထိုလူကိုပိုပြီးဆွဲဆောင်မှုရှိစေသည်..အိပ်နေတဲ့အချိန်မှာတောင်လှနေတဲ့လူတစ်ယောက်..ဖြောင့်စင်းနေတဲ့နှာတံထိပ်လေးမှာလည်းမှည့်လေးက ထိုလူနဲ့လိုက်ဖက်ညီစွာရှိနေသေးသည်..ကကြီးပုံနှုတ်ခမ်းရဲရဲလေးကလည်း နမ်းချင်စရာ...
YOU ARE READING
My Boyfriend is a Villain 😈(Complete)
FanficTaehyung.."ငါမင်းကိုကြိုက်တယ် Jeon Jungkook..ငါတို့တွဲရအောင်" [မင်းသားနှစ်ယောက်မြန်မြန်ညှားဖို့ ငါပဲအနစ်နာခံလိုက်ပါ့မယ်..] Jungkook.."မင်းငါ့ရဲ့ခန္ဓာကိုယ်ပဲရချင်ရလိမ့်မယ်..ငါ့အချစ်ကိုတော့ရဖို့မမျှော်လင့်နဲ့ " Taehyung.."မင်းမချစ်ရင်တောင် ငါကတော့ဆက်ခ...