Jungkook ဆွဲခေါ်ရာနောက်ကိုလိုက်လာခဲ့ပေမယ့် Taehyung လက်တွေကတော်တော်နာနေပြီ..Jungkook ကသူ့ရဲ့လက်ကိုကိုင်ထားတာလားဆွဲညစ်ထားတာလားတောင်မသိတော့...
"Ya..Ya...Jungkook...ငါ့လက်နာနေပြီ "
K3 Club အခန်းကရှေ့နားဆိုရောက်နေပြီဖြစ်သည်..ဒီဘက်ကို Jungkook ခွင့်ပြုချက်မရရင်လာလို့မရဘူးဆိုပေမယ့်ဒါနဲ့ဆို Taehyung သုံးခေါက်ရှိပြီရောက်နေတာ..
Jungkook ကဘာလို့ဒီကိုထပ်ခေါ်မှန်း Taehyung စဥ်းစားလို့မရ..ဒီနေ့သူ Jungkook ကိုမနှောက်ယှက်ဘူးလေ..ဒီ Villain ကဘာဖြစ်ချင်နေပြန်တာလဲ...
မကြားချင်ယောင်ဆောင်ပြီးဆက်သွားနေတဲ့ Jungkook ကြောင့် Taehyung လက်ကိုဆောင့်ဆွဲပြီးအော်လိုက်သည်...
"Ya..........."
ထိုအခါမှသတိဝင်သူတစ်ယောက်လို Jungkook ရပ်သွားပြီး Taehyung ကိုလှည့်ကြည့်လာသည်..
"မင်းဘာလို့အဲ့လောက်အာပြဲရတာလဲ..ငါ့နားမကန်းသေးဘူးကွ "
"Ya...မင်းပဲငါခေါ်တာမကြားချင်ယောင်ဆောင်နေတာကို..ငါ့လက်နာနေပြီလို့ပြောနေတယ်လေ "
ထိုအခါမှ Jungkook အယောင်ယောင်အမှားမှားနဲ့ Taehyung လက်ကိုလွှတ်ပေးလိုက်သည်...
Taehyung နာနေတဲ့သူ့လက်သူပွတ်နေပြီး...
"မင်းဘာလို့ ငါ့ကိုခေါ်လာတာလဲ..ဘာပြောမလို့လဲမြန်မြန်ပြော ကျောင်းဆင်းတော့မှာ "
Jungkook အခုမှသူ့အဖြစ်သူသတိရသွားသည်..Taehyung ကသူ့(jk)ကိုကျလစ်လျူရှုနေပြီး တခြားသူတွေနဲ့ဖောဖောသီသီပြုံးရယ်နေတာကြောင့် စိတ်တိုပြီးဆွဲခေါ်လာတာ...ဘာလိုလဲဆိုရင်သူ့မှာအဖြေမရှိ...ရန်ရှာရအောင်လည်းသူ့ကို Taehyung က မနှောက်ယှက်တော့အခက်သား..
Jungkook သူ့နှုတ်ခမ်းသူလက်ညိုးထိုးပြလိုက်ပြီး...
"ငါဒဏ်ရာရထားတယ် ငါ့ကိုဆေးလိမ်းပေး"
"ဘာ.."
နှုတ်ခမ်းထောင့်လေးမှာပိစိလေးပေါက်ပြီးသွေးစို့နေတဲ့ဒဏ်ရာလေးကိုဆေးထည့်ခိုင်းဖို့သူ့ကိုဒီအထိဆွဲခေါ်လာတာ Taehyung စိတ်မတိုဘဲရှိပါ့မလား..Namjoon လုပ်လိုက်တာတော့မဖြစ်နိုင် Seokjin လက်ချက်ပဲဖြစ်မည်..Seokjin ကတကယ်ကိုစိတ်မြန်လက်မြန်သည်လေ...
YOU ARE READING
My Boyfriend is a Villain 😈(Complete)
FanfictionTaehyung.."ငါမင်းကိုကြိုက်တယ် Jeon Jungkook..ငါတို့တွဲရအောင်" [မင်းသားနှစ်ယောက်မြန်မြန်ညှားဖို့ ငါပဲအနစ်နာခံလိုက်ပါ့မယ်..] Jungkook.."မင်းငါ့ရဲ့ခန္ဓာကိုယ်ပဲရချင်ရလိမ့်မယ်..ငါ့အချစ်ကိုတော့ရဖို့မမျှော်လင့်နဲ့ " Taehyung.."မင်းမချစ်ရင်တောင် ငါကတော့ဆက်ခ...