Ep 30

16.6K 1.5K 552
                                    

မနက်ရောက်တော့ Jungkook ရင်ခွင်ထဲကနေနိုးလာတဲ့ Taehyung...ညတုန်းကကျောပေးအိပ်ခဲ့တာဆိုပေမယ့် မနက်ရောက်တော့မျက်နှာချင်းဆိုင်အနေအထားဖြစ်နေသည်..

အနီးကပ်မြင်နေရတဲ့ Jungkook ရဲ့မျက်နှာလေးကို Taehyung သေချာကြည့်နေမိသည်..ဝတ္ထုထဲမှာတုန်းက အထက်တန်းကျောင်းသားလေးဖြစ်တဲ့အလျှောက်ငယ်ရွယ်ကာချစ်ဖို့ကောင်းတဲ့ Jungkook ကအခုတော့လူကြီးဆန်ဆန် ယောကျာ်းပီသလွန်းတဲ့မျက်နှာကိုပိုင်ဆိုင်ထားပြန်သည်..

(မနက်ခင်းမှာ Koo အနားကနိုးလာရတဲ့ခံစားချက်ကအရမ်းကောင်းတာပဲ)

ထိုအချိန်တွင် Jungkook ဆီကလှုပ်ရှားမှုတွေ့တာကြောင့် Taehyung အလျှင်အမြန်ထလိုက်မိသည်..သို့သော် Jungkook ကတဖက်လှည့်ကာပြန်အိပ်နေမှ သက်ပြင်းချကာ...

(အူးဝါး..လန့်လိုက်တာ...တော်သေးတယ်မနိုးလို့)

Taehyung ရေချိုးခန်းထဲဝင်ပြီးရေတခါတည်းချိုးလိုက်သည်..ပြီးမှသူမှာအဝတ်တွေမပါလာတာသတိရသွားသည်..

Bathrobe ဝတ်ကာထွက်လာတဲ့ Taehyung...

Jungkook ကနိုးနေပြီဖြစ်သည်...

"ဟိုလေ...Jungkook ငါ့အဝတ်အစားတွေမပါခဲ့လို့ မင်းဟာယူဝတ်လို့ရလား "

ညက Jungkook သူ့ကိုနှစ်ယောက်တည်းရှိတဲ့အချိန်ပေါ့ပေါ့ပါးပါးနေဖို့ပြောထားတာကြောင့် Taehyung ကနာမည်ပဲခေါ်လိုက်သည်..

Jungkook ကဘာမှမပြောဘဲစိုက်ကြည့်နေသည်..သူ့ကိုနာမည်ခေါ်တာမကြိုက်လို့များလား...

"အာ..တောင်းပန်ပါတယ် Boss Jeon ကျတော့်ကိုအဝတ်တွေငှားပေးလို့ရလား.. "

ထိုအခါမှ Jungkook သတိပြန်ဝင်လာသည်..သူ Taehyung ရဲ့မနက်ခင်းအလှမှာနှစ်ပြောနေခြင်းပင်..ခေါင်းလျှော်ထားတာကြောင့် Taehyung ကဆံပင်ကိုလှန်တင်ထားပြီး မျက်နှာမှာလည်းရေစက်လေးတွေတွဲခိုနေသည်...Bathrobe ဝတ်ထားတာကြောင့်ရင်ဘက်ဖွေးဖွေးလေးပေါ်မှာ ညကသူ(jk)ပေးထားတဲ့အမှတ်အသားတွေကိုလည်းမြင်နေရသည်...

Jungkook ထင်ခဲ့တာက Taehyung နဲ့တခါလောက်ထပ်အိပ်ပြီးရင်သူ့ဆန္ဒတွေပြေပျောက်သွားမယ်ဆိုပြီး...သို့သော်ပိုပိုပြီးတိုးလာတာပဲအဖက်တင်သည်..ဒီစိတ်တွေပျောက်အောင် Taehyung နဲ့သူဘယ်နှစ်ခါလောက်အိပ်ရမှာလဲ..

My Boyfriend is a Villain 😈(Complete)Where stories live. Discover now