Taehyung ဒီနေ့ကျောင်းလာတော့ Jimin ကိုမတွေ့...ဖုန်းဆက်ကြည့်တော့နေမကောင်းလို့မလာဘူးဆိုပြီးသိရသည်...
ဒီနေ့မှ Younghoon ကလည်းမရှိ Jimin ကလည်းမလာဆိုတော့ Taehyung တစ်ယောက်တည်းဖြစ်နေသည်..ထုံးစံအတိုင်း Jungkook ရဲ့ locker ထဲမှာ Banana milk သွားထည့်ထားလိုက်သည်..
အရင်တစ်ခေါက်ကလူကြားထဲအရှက်ခွဲခံရတဲ့ကိစ္စဖြစ်ပြီးတည်းက Jungkook ကိုတိုက်ရိုက်မပေးတော့ဘဲသူ့(jk)Locker ထဲမှာပဲ Taehyung သွားသွားထည့်ပေးထားတာဖြစ်သည်...
Jungkook ရဲ့Locker ကအမြဲတမ်းလက်ဆောင်တွေမုန့်တွေနဲ့ပြည့်နေတာဆိုတော့ Taehyung သူပေးတာမှန်းသိအောင်Noteလေးနဲ့နာမည်ရေးရေးပေးခဲ့သည်...နေ့တိုင်းမပြတ် Jungkook ကြိုက်တဲ့ Banana milk ကိုပေးတယ်ဆိုတာကလည်း ကြိုက်နေတဲ့သူတွေရဲ့လုပ်ငန်းစဥ်အတိုင်းလုပ်ရုံသာ..သောက်တာမသောက်တာကသူ့အပိုင်းပေါ့..
စာသင်ခန်းထဲရောက်တော့လည်း အဓိကဇာတ်ကောင်တွေမရှိတဲ့နေရာမို့ထင်သည် စိတ်ဝင်စားစရာတစ်ခုမှမရှိ..ကျောင်းပွဲရောက်တော့မှာမို့လို့တွတ်ထိုးနေကြသူတွေသာရှိသည်..ရှေ့ကဆရာမကစာသင်နေပေမယ့် နောက်ကကျောင်းသားကျောင်းသူတွေကတော့ ကျောင်းပွဲရောက်ရင်လုပ်မယ့်သူတို့ရဲ့အစီစဥ်တွေကိုသာတစ်ယောက်နဲ့တစ်ယောက်ဝေမျှနေကြသည်..
ဆရာမကလည်း သူ့ဟာသူသင်တဲ့တာဝန်ပြီးတော့ထွက်သွားသည်...ဆရာမထွက်သွားပြီးမကြာခင်မှာဘဲဝင်လာတဲ့ကျောင်းသားတွေ..ထိုနောက်အခန်းထဲကလူတွေရဲ့တစ်ယောက်တစ်ပေါက်ပြောဆိုသံတွေထွက်လာသည်..
"အိုးဟိုး...ကျောင်းအလှလေးနဲ့သူ့ရဲ့ခြံစောင့်ခွေးပဲ "
"ဆင်းရဲသားလေးလာပြီ..."
"Seokjin နားကပ်ပြီးကျော်ကြားချင်နေတယ် ဆုတောင်းလေဟဟ"
Namjoon မျက်နှာမှာတည်ကြည်နေပေမယ့်သူ့စိတ်ထဲမှာဝမ်းနည်းနေမယ်ဆိုတာ Taehyung သိသည်...ကျောင်းကောင်စီဥက္ကဋ္ဌဖြစ်ပေမယ့် Namjoon ကိုအရေးတယူလုပ်တဲ့သူမရှိ..ကျောင်းရဲ့ကိစ္စအဝဝကိုတာဝန်ယူကာဦးဆောင်လုပ်ပေးနေပေမယ့် ဘယ်သူကမှကျေးဇူးမတင်ကြ..
"အားလုံးခနလောက်တိတ်ပေးကြပါလား "
Seokjin ကကြားထဲကနေ မခံနိုင်လို့အော်လိုက်မှငြိမ်ကျသွားကြသည်..ပြီးမှ Seokjin က Namjoon ဘက်ကိုလှည့်ကာပြုံးပြီးခေါင်းငြိမ့်ပြလိုက်သည်..
YOU ARE READING
My Boyfriend is a Villain 😈(Complete)
FanfictionTaehyung.."ငါမင်းကိုကြိုက်တယ် Jeon Jungkook..ငါတို့တွဲရအောင်" [မင်းသားနှစ်ယောက်မြန်မြန်ညှားဖို့ ငါပဲအနစ်နာခံလိုက်ပါ့မယ်..] Jungkook.."မင်းငါ့ရဲ့ခန္ဓာကိုယ်ပဲရချင်ရလိမ့်မယ်..ငါ့အချစ်ကိုတော့ရဖို့မမျှော်လင့်နဲ့ " Taehyung.."မင်းမချစ်ရင်တောင် ငါကတော့ဆက်ခ...