Jungkook ဒေါသထွက်ထွက်နှင့် Company ကိုရောက်လာခဲ့သည်..သူစိတ်ဆိုးနေကြောင်းကိုပြဖို့ ရုံးခန်းတံခါးကိုဆောင့်ဖွင့်လိုက်ပေမယ့်အထဲမှာဘယ်သူမှရှိမနေ...
Jungkook နေရာမှာထိုင်ကာစူပုတ်ပုတ်နဲ့စောင့်နေသည်..မကြာခင်မှာပဲ တံခါးခေါက်သံကြောင့် Jungkook ဝင်ခွင့်ပြုလိုက်တော့ Taehyung မဟုတ်တဲ့တခြားတစ်ယောက်...မနက်စာဗန်းကိုသယ်လာကာ Jungkook ရှေ့မှာနေရာချပေးပြီးပြန်ထွက်ဖို့လုပ်နေတုန်း...
"မင်းကဘာလို့ငါ့မနက်စာစီစဥ်ပေးရတာလဲ Taehyung ကရော "
"ဟုတ်ကဲ့..အတွင်းရေးမှူး Kimက မအားလို့ Boss ကိုမနက်စာပြင်ပေးဖို့ပြောသွားလို့ပါ "
"သူက မအားရအောင်ဘာလုပ်နေတာမို့လို့လဲ "
"အဲ့တာတော့မသိဘူး Boss..သူကအဲ့လိုပြောသွားတာပဲ"
"ရပြီသွားတော့ "
(ပြန်လာရင်တော့လား..ငါ့ကိုမနက်စာမပြင်ပေးရလောက်အောင်ဘာတွေများမအားမယားဖြစ်နေတာလဲ)
အတွေးနဲ့အတူ Jungkook နှုတ်ခမ်းတွေကဆူထွက်လာသည်..
Jungkook မနက်စာစားပြီးလို့ခနကြာမှ Taehyung တစ်ယောက်စပ်ဖြီးဖြီးနဲ့ပြန်ရောက်လာသည်..Jungkook နေရာကနေလက်ပိုက်ကာဂျိုကြည့်ကြည့်ပေးလိုက်သည်..
Taehyung ကJungkookကိုတချက်သာနှုတ်ဆက်ပြီး သူ့လက်သူကြည့်ကာပျော်နေတဲ့ပုံစံနှင့်အလုပ်စာပွဲမှာဝင်ထိုင်ကာ လုပ်စရာရှိတာလုပ်နေသည်...
ပျော်မှာပေါ့ Taehyung သူ့ရဲ့ Idol Park Bogum နဲ့လက်ဆွဲနှုတ်ဆက်ခဲ့ရတာကိုး..Bogum ကအပြုံးချိုချိုနဲ့ပြောခဲ့တဲ့စကားကိုပြန်ကြားယောင်တော့ နားရွက်တက်ချိတ်မတက်ကိုပြုံးမိပြန်သည်..."ကိုယ့်မှာဒီလောက်ချောတဲ့ Fan Boy ရှိမှန်းမသိခဲ့ဘူး" တဲ့လေ...ပြီးတော့သူ့ကိုလည်း Bogum Hyung လိုပဲခေါ်ပါတဲ့..ဘယ်လောက်တောင်သဘောကောင်းလိုက်လည်း..
Jungkook သူ့ကိုဂရုမစိုက်တဲ့ Taehyung ကြောင့်ရှေ့ကဖိုင်တွဲကိုမပြီးဆောင့်ချလိုက်သည်...
အသံကျယ်သွားတာကြောင့် Taehyung ပျော်နေတဲ့အတွေးလေးပျက်သွားကာမော့ကြည့်လိုက်မိသည်...Jungkook ကဘာတွေစိတ်တိုနေမှန်းမသိသူ့ကိုအကြည့်စူးစူးတွေပြစ်လွှတ်နေသည်...
YOU ARE READING
My Boyfriend is a Villain 😈(Complete)
FanfictionTaehyung.."ငါမင်းကိုကြိုက်တယ် Jeon Jungkook..ငါတို့တွဲရအောင်" [မင်းသားနှစ်ယောက်မြန်မြန်ညှားဖို့ ငါပဲအနစ်နာခံလိုက်ပါ့မယ်..] Jungkook.."မင်းငါ့ရဲ့ခန္ဓာကိုယ်ပဲရချင်ရလိမ့်မယ်..ငါ့အချစ်ကိုတော့ရဖို့မမျှော်လင့်နဲ့ " Taehyung.."မင်းမချစ်ရင်တောင် ငါကတော့ဆက်ခ...