ကျောင်းဆေးခန်းတွင်...
ကုတင်ပေါ်မှာလှဲလျောင်းနေတဲ့ Hoseok ကိုဆရာဝန်လေးကစမ်းသပ်ကြည့်ပြီးတော့...
"ဘာမှစိုးရိမ်စရာမရှိပါဘူး လူနာကအကြောက်လွန်ပြီးမေ့သွားတာ...မင်းတို့ရှေးဦးသူနာပြုနည်းလုပ်ခဲ့တာပိုထိရောက်သွားတယ် အခုတော့သူအိပ်ပျော်နေတာပါ...ဒါနဲ့ဘယ်လိုဖြစ်လို့အဲ့လောက်ကြောက်သွားတာလဲ "
Jimin မှာသူ့အပြစ်နဲ့သူဆိုတော့နှုတ်ခမ်းလေးကိုက်ကာခေါင်းငုံ့လျှက်ငြိမ်နေတာကြောင့် Yoongi ကပဲ...
"မြွေရုပ်မြင်လိုက်လို့..သူကမြွေဆိုအသေကြောက်တာအရုပ်လည်းမရဘူး..တစ်ယောက်ယောက်ကသူ့ကိုလက်ဆောင်ပေးလိုက်တာလေ"
အဓိပ္ပါယ်ပါပါနဲ့ Jimin ကိုလှမ်းကြည့်လိုက်တဲ့ Yoongi..Jimin မှာတော့အပြစ်ရှိစိတ်ကြောင့်ခေါင်းတောင်မထောင်ရဲ..Hoseok မြွေကြောက်တာကို သူ(jm)ကတော့ဘာအရောင်ကြိုက်မှန်းမသိလို့မြွေကိုရောင်စုံတောင်ထည့်လာခဲ့သေးသည်လေ..
"အော်...ပေးစရာရှားလို့သူများအကြောက်ဆုံးကိုမှပေးရတယ်လို့..တော်သေးတာပေါ့မသေကောင်းမပျောက်ကောင်း...အခုတော့အကို သူ့ကိုအားဆေးထိုးပေးထားလိုက်မယ်..မင်းတို့အတန်းသွားတက်ကြတော့လေ နေ့လည်ဆိုသူနိုးလောက်ပြီ အဲ့ကျမှလာခဲ့ကြပေါ့ "
"ကျတော်သူနိုးတဲ့ထိစောင့်ချင်တယ် "
Jimin က Hoseok ကိုစိတ်မချဘူးဖြစ်နေသည်..အခုဟာကလည်းသူ့ကြောင့်ဖြစ်သွားတာပဲလေ သူ့မှာတာဝန်အပြည့်အဝရှိတာပေါ့...
"ကျတော်ရောပဲ "
Yoongi ကပါလိုက်ပြောတော့ Jimin မယုံကြည်နိုင်စွာလှည့်ကြည့်လိုက်ပြီး...
"မင်းအတန်းသွားလိုက်ပါ ငါပဲစောင့်ပေးလိုက်မယ် ငါ့ကြောင့်ဖြစ်တာဆိုတော့ "
"Hoseok ကငါ့သူငယ်ချင်းလေ "
(အော်..သူငယ်ချင်း?..ခနကကျယောကျာ်းချင်းကြီးမနမ်းချင်ဘူးလုပ်ခဲ့တာဘယ်သူလဲ ဟမ့်)
Jimin စိတ်ထဲကနေပဲပြောပြီးမဲ့ရွှဲ့ပြလိုက်သည်..ထိုအပြုအမူလေးတွေကပင် Yoongi မျက်လုံးထဲမှာအူယားစရာလေးလို့မြင်နေသည်..
YOU ARE READING
My Boyfriend is a Villain 😈(Complete)
FanfictionTaehyung.."ငါမင်းကိုကြိုက်တယ် Jeon Jungkook..ငါတို့တွဲရအောင်" [မင်းသားနှစ်ယောက်မြန်မြန်ညှားဖို့ ငါပဲအနစ်နာခံလိုက်ပါ့မယ်..] Jungkook.."မင်းငါ့ရဲ့ခန္ဓာကိုယ်ပဲရချင်ရလိမ့်မယ်..ငါ့အချစ်ကိုတော့ရဖို့မမျှော်လင့်နဲ့ " Taehyung.."မင်းမချစ်ရင်တောင် ငါကတော့ဆက်ခ...