..တင်..
Jimin ရေချိုးပြီးအဝတ်အစားလဲဖို့ပြင်နေတုန်း message ဝင်သံကြောင့်Ph ကိုကြည့်လိုက်သည်...
..ဘာလုပ်နေတာလဲအသေးလေး..
ကြောင်ပေါက်လေးဆိုတဲ့ Contact name ကစာပို့လာတာကြောင့် Jimin တွေ့ရာညဝတ်အကျီနဲ့ဘောင်းဘီတိုကိုကောက်စွတ်လိုက်ပြီး Ph ကိုင်ကာကုတင်ပေါ်အပြေးတက်ပြီးမှောက်ရက်လှဲချလိုက်သည်...
Jimin မျက်နှာကပျော်ရွှင်မှုကြောင့်ရယ်နေတာ ပါးစပ်ကနားရွက်တက်ချိတ်မတက်ပင်...
..ခုမှရေးချိုးပြီးတာ ကြောင်ပေါက်လေးကရော..
တဖက်က Yoongi မှာလည်းသူ့ရဲ့သွားသေးသေးလေးတွေပေါ်သည်ထိရယ်နေလျှက်..
..အဲ့တာကြောင့်မွှေးနေတယ်ထင်တာ အသေးလေးဆီကကို..
ပြန်ရောက်လာတဲ့စာကြောင့် Jimin အူယားကာခေါင်းအုံးပေါ်မျက်နှာအပ်ပြီးမွှေ့ယာပေါ်ကို လက်သီးဆုတ်လေးတွေနဲ့ထုနေသည်...
(အား..အားးးအားးးးးလူကိုအသဲယားအောင်လို့ကွာ)
..ကြောင်ပေါက်လေးကစကားတက်လိုက်တာနော်..
..အသေးလေးနဲ့တွေ့မှပါ..
Jimin မှာဟိုဘက်ကစာတခါပို့တိုင်းတခါခေါင်းအုံးကိုက်နေတာကြောင့် သွားရည်တွေနဲ့စိုရွှဲနေတဲ့သူ့ခေါင်းအုံးလေး..
..ကြောင်ပေါက်လေးကိုကျောင်းမှာတွေ့ရင်ခေါ်လို့ရလား..
..အာ ကိုယ်မေ့နေတာ အသေးလေးကို Yoongi ကတောင်းပန်ချင်လို့တဲ့..
မေးတာတခြားဖြေတာတခြားပြန်ပို့လာတာကြောင့် Jimin သူ့ကိုမခေါ်ချင်လို့လာဆိုပြီးနည်းနည်းတော့ဝမ်းနည်းသွားသည်..ဒါပေမယ့်အခုလိုစာအဆက်အသွယ်ရတာကိုကသူ့အတွက်အခွင့်အရေးရနေသလိုပင်..နောက်မှတဆင့်ချင်းပေါ့ လောလောဆည် Hoseok ကသူ့ကိုရှိန်နေလို့လဲဖြစ်ချင်ဖြစ်နေမှာလေ..
..ဘာလို့လဲ..
..သူအသေးလေးကိုပြောခဲ့တာတွေကိုတကယ်နောင်တရနေတာ အသေးလေးကစိတ်ထားကောင်းမှန်းနောက်မှသိလိုက်ရလို့တဲ့ သူ့ကိုအခွင့်အရေးလေးပေးမယ်မလားဟင်..
YOU ARE READING
My Boyfriend is a Villain 😈(Complete)
FanfictionTaehyung.."ငါမင်းကိုကြိုက်တယ် Jeon Jungkook..ငါတို့တွဲရအောင်" [မင်းသားနှစ်ယောက်မြန်မြန်ညှားဖို့ ငါပဲအနစ်နာခံလိုက်ပါ့မယ်..] Jungkook.."မင်းငါ့ရဲ့ခန္ဓာကိုယ်ပဲရချင်ရလိမ့်မယ်..ငါ့အချစ်ကိုတော့ရဖို့မမျှော်လင့်နဲ့ " Taehyung.."မင်းမချစ်ရင်တောင် ငါကတော့ဆက်ခ...