Ep 5

15.5K 1.6K 300
                                    

Jungkook ကျောင်းကသူတို့ Club ခန်းထဲကဆိုဖာမှာထိုင်ပြီးမှေးနေသည်..

..click...

တံခါးဖွင့်သံကြောင့်Jungkookခေါင်းထောင်ကြည့်လိုက်တော့ သူ့မျက်လုံးသူမယုံနိုင်ဖြစ်နေသည်..တဆက်တည်းပျော်ရွှင်မှုကိုပါခံစားလိုက်ရသည်..

"Seokjin..မင်းငါ့ဆီလာတယ် "

Jungkook သူကိုယ်သူမထိန်းနိုင်စွာမက်တပ်ထရပ်လိုက်မိသည်..မျက်နှာမှာလည်းအပြုံးတွေကမဖုံးဖိနိုင်စွာ..

Seokjin ကဘာမှမပြောဘဲအပြုံးလေးနှင့်သူ့အနားကိုလျှောက်လာခဲ့သည်..အနားရောက်တဲ့ Seokjin က Jungkook ပုခုံးပေါ်လက်တင်ပြီးသူတို့မျက်နှာတွေနီးကပ်စေတော့ သူ(jk)မျက်လုံးတွေမှိတ်မိလိုက်သည်..

ထိုအချိန်နှုတ်ခမ်းလေးနှစ်ခုထပ်တူကျသွားတော့ Jungkook နှလုံးသားလေးကဓာတ်လိုက်သလိုလေးခံစားလိုက်ရသည်..Jungkookမျက်လုံးလေးတွေကိုမှိတ်ရင်းအနမ်းတွေကိုပုံဖော်နေမိသည်..ထူးတော့ထူးဆန်းသည်သူSeokjin နဲ့မနမ်းဖူးဘဲဘာလို့ဒီနှုတ်ခမ်းတွေကိုရင်းနှီးတယ်လို့ခံစားနေရတာလဲ..

တဖြည်းဖြည်းအနမ်းတွေကပြင်းထန်လာပြီး Jungkook ကျောပြင်ကလည်းဆိုဖာနဲ့ထိကပ်သွားတော့သည်..

Jungkook သူ့မျက်ခွံတွေပေါ်ခပ်မာမာအရာတခုနဲ့တိုက်နေသလိုခံစားလိုက်ရတာကြောင့် မျက်လုံးဖွင့်ကြည့်တော့ထိုအရာကမျက်မှန်ဖြစ်နေသည်..

(ဟမ်...Seokjin ကဘယ်တုန်းကမျက်မှန်တပ်လိုက်တာလဲ)

တစ်ခုခုမူမမှန်တာကြောင့်နမ်းနေတဲ့သူ့အပေါ်ကလူရဲ့ရင်ဘက်တွေကိုတွန်းလိုက်တော့...

"မင်း...မင်းကပန်ဒါကောင် "

"ငါ့နာမည် Kim Taehyung ပန်ဒါကောင်မဟုတ်ဘူး "

Kim Taehyung ဆိုတဲ့ပန်ဒါကောင်ကပြောပြီး သူ့လျှာကိုတောင်သပ်ပြလိုက်ကာ...

"ငါ့နှုတ်ခမ်းကိုဆွဲသွားပြီး အိမ်မက်တောင်မက်နေပြီပေါ့ဟုတ်လား "

"အားးးးးးးးးးးးးးးးးးးးးးး"

Jungkook လန့်အော်ကာ လေဟာနယ်ကိုတွန်းထိုးကန်ကျောက်ပြီး နိုးလာတော့သည်..သူအလန့်တကြားဘေးပတ်ဝန်းကျင်ကိုကြည့်တော့ ဘယ်သူမှမရှိဘဲသူ့အိပ်ခန်းထဲမှာပင်...

My Boyfriend is a Villain 😈(Complete)Where stories live. Discover now