Taehyung မှာ Jungkook ကိုတွန်းထုတ်ချင်ပေမယ့် လူတွေရှိနေတယ်ဆိုတဲ့အသိကြောင့်အလိုက်သင့်နေနေရသည်..
သို့ပေမယ့် Jungkook ကနမ်းနေတာရပ်မသွားတဲ့အပြင်မျက်လုံးမှိတ်ပြီးစိတ်ကြိုက်နမ်းနေသည်..
(Ya...Jungkook မင်းငါ့ကိုနမ်းနေတာလား ဝါးစားနေတာလားဟ)
Taehyung သူ့နှုတ်ခမ်းကိုချိုချဥ်စုပ်သလိုကိုနမ်းနေတဲ့ Jungkook ကိုမျက်လုံးပြူးကာကြည့်နေသည်...ဘယ်ချိန်ရပ်မလဲဆိုပြီး...
အောက်ကကျောင်းသူလေးတွေကမျက်လုံးကိုအုပ်သလိုနဲ့လက်ကြားထဲကကြည့်နေကြပြီးကျောင်းသားတွေကတော့ပေါ်တင်ကြည့်နေသည်..Bogum ကတော့မျက်နှာမကောင်းပေ...
ဆရာဆရာမတွေ ကတော့မျက်နှာပူပူနဲ့တစ်ယောက်နဲ့တစ်ယောက်စကားပြောဟန်ဆောင်နေကြသည်..ကျောင်းပိုင်ရှင်သားဆိုတော့လည်းဘယ်သူမှဝင်မပြောရဲတာအဆန်းတော့မဟုတ်..Jungkook အဖေကလည်းအလုပ်ကိစ္စနဲ့ပြန်သွားပြီ...
Namjoon ထိုအခြေအနေကိုထိန်းဖို့ စကားပြန်စလိုက်သည်...
"မင်း...မင်းသားလေးရဲ့အနမ်းကြောင့် Snow White လေးဟာပြန်နိုးလာခဲ့သတဲ့.."
Snow White လေးနိုးနေတာတောင် Jungkook ကဆက်နမ်းနေတုန်းပဲ...
"အဟမ်း..Snow White လေးဟာပြန်နိုးလာခဲ့သတဲ့...အဟွတ်...အဟမ်း...Snow White လေးပြန်နိုးလာပါပြီ...ပြန်နိုးလာပြီလို့.."
Namjoon ပြောရင်းငိုချင်လာသည်..သူ့မှာချောင်းသေအောင်ဆိုးပြပြီး ပြောနေတာတောင် Jungkook တို့ကဂရုမှမစိုက်ဘဲလေ...
Taehyung မနေနိုင်တော့တဲ့အဆုံး ပါးစပ်ဟကာ Jungkook ရဲ့အောက်နှုတ်ခမ်းကိုကိုက်ပြစ်လိုက်သည်..ထိုအခါမှ Jungkook တစ်ယောက်နာပြီးလွှတ်ပေးသည်...
Namjoon လည်း Taehyung ကိုကျေးဇူးတင်တဲ့အကြည့်တွေနဲ့ ကြည့်လိုက်ပြီး Story ကိုပြန်ဆက်လိုက်သည်...
"Snow White လေးကလည်း မင်းသားလေးကိုမြင်မြင်ချင်းချစ်သွားခဲ့သည်..တစ်ယောက်နဲ့တစ်ယောက်ချစ်သွားကြတော့ မင်းသားလေးဟာ Snow White လေးကိုသူ့ရဲ့တိုင်းပြည်ကိုခေါ်သွား..........."
Namjoon အကြည့်တွေကဒီ Jungkook ကတော့လုပ်ပြန်ပြီဆိုပြီးသာ...အကြောင်းကား Taehyung ကိုရိုးရိုးမခေါ်ဘဲ ပွေ့ချီလိုက်တဲ့ Jungkook ကြောင့်ပင်...
YOU ARE READING
My Boyfriend is a Villain 😈(Complete)
FanfictionTaehyung.."ငါမင်းကိုကြိုက်တယ် Jeon Jungkook..ငါတို့တွဲရအောင်" [မင်းသားနှစ်ယောက်မြန်မြန်ညှားဖို့ ငါပဲအနစ်နာခံလိုက်ပါ့မယ်..] Jungkook.."မင်းငါ့ရဲ့ခန္ဓာကိုယ်ပဲရချင်ရလိမ့်မယ်..ငါ့အချစ်ကိုတော့ရဖို့မမျှော်လင့်နဲ့ " Taehyung.."မင်းမချစ်ရင်တောင် ငါကတော့ဆက်ခ...