Taehyung တို့အစားအသောက်တွေမှာပြီးတုန်းပဲရှိသေးတယ် ရောက်ချလာတဲ့ Jungkook...နောက်မှာလည်း Mask အမဲတပ်ထားတဲ့ကောင်လေးတစ်ယောက်...ထိုကောင်လေးက Jihoon ဘက်ကိုလျှောက်သွားတာကြောင့် Daegu တုန်းကတွေ့ခဲ့တဲ့ Guanlin ဆိုတဲ့တစ်ယောက်ဖြစ်မည်ဟု Taehyung တွေးလိုက်သည်..
Jungkook က Taehyung ဘေးမှာဝင်ထိုင်လိုက်ပြီး Guanlin ကလည်း mask ချွတ်ကာ Jihoon ဘေးဝင်ထိုင်လိုက်သည်..Jungkook ဘက်ကို Taehyung လှည့်ကြည့်လိုက်ပြီး..
"မင်းဘာလာလုပ်တာလဲ Jungkook "
"ညစာလာစားတာလေ"
"တခြားမှာသွားစား.."
"အရင်တည်းက Tae နဲ့ပဲအတူစားနေကျကိုဘယ်ကိုသွားရမှာလဲ "
Taehyung တဖက်က Jihoon တို့ဘက်လှမ်းကြည့်လိုက်တော့ Jihoon အခြေအနေကမကောင်း.. Guanlin ကိုမကျေနပ်ကြည့်ကာတိုးတိုးပြောနေသည်..ကြည့်ရတာ Guanlin ရှိနေတာမကြိုက်သည့်ပုံစံ..သို့သော် Guanlin ကတော့ခပ်ပြုံးပြုံးနှင့်သာ Jihoon မျက်နှာလေးကိုကြည့်နေသည်...
"Tae သူတို့နှစ်ယောက်က မလိုက်ဘူးလား "
"အော..မဆိုးဘူး "
Taehyung ယောင်ပြီးပြန်ဖြေလိုက်မိသည်ပြီးမှသူ Jungkook ကိုပြောမယ့်ဟာကိုသတိရသွားကာ...
"မင်းကိုငါစိတ်ဆိုးမပြေသေးဘူးနော် Jungkook.."
"Tae ကလည်း...ကိုယ်တောင်းပန်ပါတယ်ဆို နောက်တစ်ခါလုပ်ရင် Tae ရပ်ဆိုတာနဲ့ရပ်မယ်လေ နော်နော်..."
"Ya...တိုးတိုးပြောစမ်းပါ "
Taehyung နားရွက်ဖျားလေးတွေရဲတက်လာကာတစ်ယောက်ယောက်ကြားသွားမှာစိုးသည့်အလား မလုံမလဲဖြစ်နေသည်...
"Hyung..."
Jihoon ခေါ်သံကြောင့် Taehyung အရှေ့ကိုပြန်ကြည့်လိုက်သည်...Jungkook ကချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လျှက် Jihoon ကိုစိုက်ကြည့်နေသည်..Guanlin ပုံစံကလည်းခနက Jihoon ကိုကြည့်နေတဲ့ပုံစံနဲ့မတူစွာ ဂျစ်ကန်ကန်မျက်နှာပေးပြန်ဖြစ်သွားသည်...
"ဟမ်...အောငါမိတ်ဆက်ပေးရဦးမယ် ဒါကငါ့ရဲ့ Boss Jeon Jungkook...ဟိုဘက်က Guanlin ထင်တယ် Daegu မှာတုန်းကဆုံဖူးတယ်လေ "
"ဟုတ်တယ် Hyung ..သူကကျတော့်သူငယ်ချင်း "
"သူငယ်ချင်းထက်ပိုတယ် "
YOU ARE READING
My Boyfriend is a Villain 😈(Complete)
FanfictionTaehyung.."ငါမင်းကိုကြိုက်တယ် Jeon Jungkook..ငါတို့တွဲရအောင်" [မင်းသားနှစ်ယောက်မြန်မြန်ညှားဖို့ ငါပဲအနစ်နာခံလိုက်ပါ့မယ်..] Jungkook.."မင်းငါ့ရဲ့ခန္ဓာကိုယ်ပဲရချင်ရလိမ့်မယ်..ငါ့အချစ်ကိုတော့ရဖို့မမျှော်လင့်နဲ့ " Taehyung.."မင်းမချစ်ရင်တောင် ငါကတော့ဆက်ခ...