ခရီးထွက်လာတာ ၃ ရက်မြောက်နေ့...
သူတို့တွေမနက်စာစားတုန်းကတိုင်ပင်ထားတဲ့အတိုင်းခြေဘောလီဘောဆော့ဖို့ တစ်ယောက်ပြီးတစ်ယောက်ဘောလီဘောဆော့တဲ့နေရာကိုရောက်လာကြသည်...
Hoseok ကပင်ပန်းတဲ့အလုပ် မလုပ်ဘူးဟုဆိုကာဘေးကနေဒိုင်လူကြီးလုပ်ဖို့ဆုံးဖြတ်ကာထိုင်နေသည်..
သူတို့တွေအဖွဲ့ခွဲကြတော့ Seokjin၊ Jungkook နဲ့ Yoongi ကတစ်ဖွဲ့ဖြစ်ပြီး Jimin၊ Taehyungနဲ့ Namjoon ကတစ်ဖွဲ့ဖြစ်သွားသည်...
အစပိုင်းတွင် Namjoon ရဲ့မျက်နှာလိုက်မှုကြောင့် Seokjin တို့ဘက်ကပဲအမှတ်တွေယူသွားသည်..
"Ya...Namjoon မင်းBabyလေးရှိတိုင်းအလျှော့ပေးမနေနဲ့ ကောင်းကောင်းဆော့စမ်းပါ "
Jimin ကမကျေနပ်ကာ ပြောတော့သည်..Namjoon တစ်ယောက် Seokjin ကသူ့ဆီဘောလုံးပေးလိုက်တိုင်းစည်းအပြင်ကိုကန်ကန်ထုတ်နေတာကိုး...
"မဟုတ်ပါဘူး...ငါ့ Baby လေးကိုကတော်တာပါကွာ သူပြစ်ရင်ငါတကယ်မဖမ်းနိုင်ဘူး "
ထိုအခါ Seokjin ကလေထဲကနေ Namjoon ဆီ Fly kiss ပေးတော့ Namjoon ကလှမ်းယူသလိုလုပ်ပြီးသူ့နှလုံးသားနေရာကိုထည့်လိုက်သည်..ကျန်တဲ့သူတွေကစိတ်ပျက်တဲ့မျက်နှာဘေးတွေနှင့်ဆိုပေမယ့် Taehyung တစ်ယောက်တည်းသာ ကလိကလိနဲ့အူယားနေသည်...
"မဆော့တော့ဘူးလားမင်းတို့က "
ခါးထောက်ပြီးပြောလာတဲ့ Jungkook...သူ့ Boo လေးကအားကျနေတာဆိုတော့ သူလည်းနည်းနည်းလောက် Boo လေးကိုစိတ်ချမ်းသာအောင်လုပ်ပေးမှပါဆိုပြီး Jungkook တွေးလိုက်သည်...
နောက်တစ်ခေါက်ကစားတော့ Jungkook နဲ့ Yoongi ကသူတို့သက်ဆိုင်သူတွေဆီသာဘောလုံးပေးကြပြီး Namjoon ဘက်ကိုယောင်လို့တောင်ဘောလုံးမရောက်စေတော့...Jimin နဲ့ Taehyung ကလည်းလျှင်သည်.. Namjoon ဘောလုံးမရအောင်တစ်ယောက်ကန်ရင်တစ်ယောက်ကပိတ်ပေးသည်..
Jungkook နဲ့ Yoongi ကလည်းသူတို့ဘက်ကိုဘောလုံးပြန်လာပြီဆို Seokjin မကန်ခင်ကြားဖြတ်ကာ ကွင်းပြင်ကိုကန်ထုတ်ကြသည်...ခနကနဲ့မတူညီစွာပင် Taehyung နဲ့ Jimin လက်ဖဝါးချင်းရိုက်ကာဖင်ချင်းပေါက်လျှက်အောင်ပွဲခံကြသည်..ထိုအဖြစ်ကိုတပြုံးပြုံးကြည့်နေကြတဲ့ Yoongi နဲ့ Jungkook..
YOU ARE READING
My Boyfriend is a Villain 😈(Complete)
FanfictionTaehyung.."ငါမင်းကိုကြိုက်တယ် Jeon Jungkook..ငါတို့တွဲရအောင်" [မင်းသားနှစ်ယောက်မြန်မြန်ညှားဖို့ ငါပဲအနစ်နာခံလိုက်ပါ့မယ်..] Jungkook.."မင်းငါ့ရဲ့ခန္ဓာကိုယ်ပဲရချင်ရလိမ့်မယ်..ငါ့အချစ်ကိုတော့ရဖို့မမျှော်လင့်နဲ့ " Taehyung.."မင်းမချစ်ရင်တောင် ငါကတော့ဆက်ခ...