Jungkook တစ်ယောက်အိပ်ယာကနိုးလာပေမယ့် မျက်လုံးမဖွင့်ဘဲဘေးကိုဟိုစမ်းဒီစမ်းလုပ်နေသည်...ဘယ်သူမှမရှိဘူးဆိုတဲ့အသိနဲ့မျက်လုံးကဆက်ကနဲပွင့်လာကာဘေးကိုလှည့်ကြည့်တော့အမှန်ပင် Taehyung ရှိမနေ...
သူ့ကိုမနိုးသွားတဲ့ Taehyung ကြောင့်စိတ်ကနည်းနည်းမကြည်...နာရီကိုကြည့်လိုက်တော့ ၁၀ နာရီခွဲနေပြီ..
Jungkook မျက်နှာသစ်ရင်းတခါတည်းရေချိုးလိုက်တော့မကြည့်တဲ့စိတ်လေးနည်းနည်းတော့ပျောက်သွားသည်..
အခန်းထဲကထွက်လာပြီး Taehyung ကိုလိုက်ရှာတော့ နောက်ဆုံး Game ကစားတဲ့အခန်းမှတွေ့တော့သည်..Jimin နဲ့နှစ်ယောက်သားဆော့နေလိုက်ကြတာ သူလာတာတောင်မမြင်..Jungkook သူ့ကိုမြင်အောင်ဆိုပြီးဘေးသွားရပ်တော့ တချက်သာကြည့်ပြီး Game ပြန်ဆော့နေတဲ့ Taehyung..
Jungkook နှုတ်ခမ်းကစူပုတ်ကာအပြင်ကိုပြန်ထွက်သွားသည်..Taehyung များသူ့နောက်လိုက်လာမလားဆိုပြီးအခန်းရှေ့ရပ်စောင့်နေပေမယ့် ဒင်းကထွက်မလာဘဲ "Jimin ချချ..ငါ့ကိုလာကယ်..သွေးဖြည့်ပေး" ထိုအသံတွေသာထွက်လာသည်..
Jungkook မကျေမနပ်နဲ့ထွက်လာခဲ့သည်..လမ်းမှာအိပ်ချင်မူးတူးဖြစ်နေတဲ့ Yoongi ကိုတောင်ဝင်တိုက်ခဲ့သေးသည်..စိတ်တိုတိုနဲ့ Gym ကစားတဲ့အခန်းကိုလာခဲ့တော့သူ့ထက်အရင်ရောက်နေတဲ့ Namjoon...
Namjoon ကအကျီလက်ပြတ်နဲ့ဘားတန်းခိုတဲ့လေ့ကျင့်ခန်းလုပ်နေသည်...Jungkook ဂရုမစိုက်တော့ဘဲ Boxing ကစားတဲ့သဲအိတ်ကိုမရပ်မနားပိတ်ထိုးနေတော့သည်..
"ငါ့ကိုဂရုမစိုက်ဘူးပေါ့ဟမ်"...ဒုတ်....
"အဲ့ Game စုတ်ကိုပဲဆော့နေတာ"...ဒုတ်...
"နောက်ရက်အဲ့ Game စုတ်တွေကိုပလပ်ဖြုတ်ပြစ်မှာ"...ဒုတ်...
"ငါလာတာတောင်လှည့်မကြည့်ဘူး"...ဒုတ်...
"ငါ့ကိုလဲလာမချော့ဘူး"...ဒုတ်...
တစ်ခါပြောလိုက်တစ်ခါထိုးလိုက်နဲ့ Jungkookကြောင့် Namjoon ပင်လှည့်ကြည့်လှည့်ကြည့်ဖြစ်နေသည်...
ခနကြာတော့ Seokjin က Gym အခန်းထဲဝင်လာပြီး...
"Joon..နေ့လည်စာစားရအောင်လေ "
YOU ARE READING
My Boyfriend is a Villain 😈(Complete)
FanficTaehyung.."ငါမင်းကိုကြိုက်တယ် Jeon Jungkook..ငါတို့တွဲရအောင်" [မင်းသားနှစ်ယောက်မြန်မြန်ညှားဖို့ ငါပဲအနစ်နာခံလိုက်ပါ့မယ်..] Jungkook.."မင်းငါ့ရဲ့ခန္ဓာကိုယ်ပဲရချင်ရလိမ့်မယ်..ငါ့အချစ်ကိုတော့ရဖို့မမျှော်လင့်နဲ့ " Taehyung.."မင်းမချစ်ရင်တောင် ငါကတော့ဆက်ခ...