Seokjin ရဲ့တိုက်ခန်းဆိုဖာပေါ်ကနေနိုးလာတဲ့ Jungkook...မနေ့ညက Seokjin ကိုထိန်းရလို့ပင်ပန်းနေတာနဲ့ ခနနားရင်းအိပ်ပျော်သွားပုံရသည်..
Jungkook မြန်မြန်ထကာရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်လိုက်သည်...Seokjin ကမနေ့ညကအရက်ရှိန်ကြောင့်ကုတင်ပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသေးသည်...
Seokjin အတွက် Jungkook အမူးပြေစွပ်ပြုတ်ချက်ပေးထားခဲ့ပြီး နုတ်စာရွက်လေးရေးကာကပ်ပေးထားခဲ့လိုက်သည်..သူတံခါးဖွင့်ပြီးအပြင်ထွက်လာတော့ Namjoon ကထိုင်နေရာမှချက်ချင်းထလာသည်...မျက်ကွင်းညိုတွေကတညလုံးမအိပ်ဘဲထိုင်စောင့်နေမှန်းသိသာသည်...
"Seokjin နိုးပြီလား Jungkook..."
"မင်းသူ့ကိုငိုအောင်လုပ်ထားပြီး အခုမှဘာလို့လာစိတ်ပူပြနေတာလဲ Namjoon"
"မင်းတို့အထင်လွှဲနေတာ ငါအဲ့မိန်းမကိုသွားတွေ့တယ်ဆိုတာကလည်းစေ့စပ်ပွဲကိုငြင်းဖို့သွားတာ...အဲ့တာကိုငါ့အမေက Seokjin ကိုဘယ်လိုပြောလိုက်လဲမသိဘူး..ငါတကယ်သူ့ကိုပဲချစ်တာပါ Jungkook "
Jungkook သက်ပြင်းချလိုက်ပြီး...
"မင်းကိုယ်တိုင်သူ့ကိုသွားရှင်းပြလိုက်.."
"ဟမ်...မင်း မင်းတကယ်ပြောနေတာလား Jungkook "
Jungkook ကလွယ်လွယ်ကူကူခွင့်ပြုလိမ့်မယ်လို့ Namjoon မထင်ထားတာကြောင့်အံ့သြသွားသည်..
"ငါအမူးပြေစွပ်ပြုတ်လုပ်ထားတယ် Hyung နိုးရင်တိုက်လိုက်ဦး "
"အာ..အွန်းကျေးဇူးတင်ပါတယ် Jungkook "
"မလိုပါဘူး..ငါသွားပြီ "
Jungkook ထွက်သွားတော့ Namjoon လည်းအထဲဝင်ခဲ့လိုက်သည်...
ကုတင်ပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Seokjin ကိုကြည့်ပြီး Namjoon စိတ်မကောင်း..မျက်လုံးမို့မို့တွေကညတုန်းကအများကြီး ငိုထားပုံပေါ်နေတာကြောင့်ပင်...သူညကသတင်းတက်တက်ချင်းဘားကိုသွားခဲ့ပေမယ့် Seokjin တို့မရှိတော့ဘူး...ဖုန်းဆက်တော့လည်းချပြစ်ပြီးနောက်တစ်ခေါက်ထပ်ဆက်တော့စက်ပိတ်သွားပြီတဲ့..
Seokjinရဲ့တိုက်ခန်းရှေ့ရောက်တော့ Bell ကိုဆက်တိုက်နှိပ်ပေမယ့် Seokjin ကသူ့(nj)မျက်နှာကိုမတွေ့ချင်ဘူးလို့ဆိုကာအထဲကိုဝင်ခွင့်မပေး..အခန်းကဒ်နဲ့ဝင်လို့ရပေမယ့် Jungkook ပါရှိနေတာကြောင့်အခန့်မသင့်ရင်ပြသနာဖြစ်နိုင်သည်..အဲ့တာကြောင့် Seokjin ထွက်လာတဲ့အချိန်မှတောင်းပန်ဖို့ တံခါးပေါက်အရှေ့မှာပဲ Namjoon တညလုံးထိုင်စောင့်ခဲ့တာ...
YOU ARE READING
My Boyfriend is a Villain 😈(Complete)
FanficTaehyung.."ငါမင်းကိုကြိုက်တယ် Jeon Jungkook..ငါတို့တွဲရအောင်" [မင်းသားနှစ်ယောက်မြန်မြန်ညှားဖို့ ငါပဲအနစ်နာခံလိုက်ပါ့မယ်..] Jungkook.."မင်းငါ့ရဲ့ခန္ဓာကိုယ်ပဲရချင်ရလိမ့်မယ်..ငါ့အချစ်ကိုတော့ရဖို့မမျှော်လင့်နဲ့ " Taehyung.."မင်းမချစ်ရင်တောင် ငါကတော့ဆက်ခ...