Ep 17

17K 1.7K 365
                                    

ကျောင်းဖွင့်ရက်ရောက်တော့ Jimin က Taehyung ကျောင်းထဲဝင်တုန်းပဲရှိသေးတယ် သူတို့Punk Club ခန်းထဲကိုဆွဲခေါ်သွားသည်...Club ခန်းထဲရောက်တော့ Jimin ကလက်ဆောင်ဘူးလေးကိုလွယ်အိတ်ထဲကထုတ်ပြီး...

"ရော့....မင်း ငါ့ Sunshineလေးကိုသွားပေးပေး..မင်းပြောတဲ့အတိုင်းငါသေချာလေးလုပ်လာတာ ဒီတစ်ခါလည်းမင်းကိုထပ်ယုံလိုက်မယ်နော် "

ဘူးကအရင်တစ်ခါမြွေရုပ်တွေထည့်ထားတဲ့ဘူးလောက်တော့မရှိ...ဒီတစ်ခါလည်းအပြာရောင်ဘူးလေးကိုသေချာလှလှလေးထုတ်ထားတာဖြစ်သည်...

"မင်းဟာမင်းသွားပေးတာပိုထိရောက်တယ်မဟုတ်ဘူးလား "

"ငါသူ့ကိုမျက်နှာချင်းမဆိုင်ရဲသေးဘူး..မင်းပဲသွားပေးပေးလေ နော်နော်.."

Taehyung တကယ်တော့အဲ့အခန်းကိုမသွားချင်...Jungkook နဲ့မတွေ့ချင်လို့ဖြစ်သည်..သို့ပေမယ့် Jimin ပုံစံကလည်းတကယ်ကိုအခက်တွေ့နေပုံပေါက်တာကြောင့်သွားဖို့ပဲရှိတော့သည်...

"ပေး...ငါအခုသွားလိုက်မယ်"

Jimin ဆီကလက်ဆောင်ဘူးကိုယူပြီး Taehyung ထွက်ခဲ့လိုက်သည်..

အခန်း ၁ ရှေ့ကိုရောက်တော့ Taehyung အပြင်ကနေအခြေနေအရင်ကြည့်လိုက်သည်...တကယ်ကိုစာတော်တဲ့အခန်းလို့မပြောရဘူး လူတိုင်းကတည်တည်ငြိမ်ငြိမ်လေးတွေပင်..အင်း Jungkook တို့အဖွဲ့ကတော့ချွင်းချက်ပေါ့...သုံးယောက်သားလေပေါနေကြတာ..မင်းသားနှစ်ယောက်ကတော့ခေါင်းချင်းဆိုင်ကာစာဆွေးနွေးနေကြပုံပင်..

နည်းနည်းတော့ထူးဆန်းတယ် ဘာလို့ Villain ကမင်းသားနှစ်ယောက်ကိုမနှောက်ယှက်တာပါလိမ့်...

Taehyung အခန်းပေါက်မှာရပ်နေတာကိုရှေ့ဆုံးတန်းက ကောင်မလေးတစ်ယောက်ကစိတ်ရှုတ်ဟန်မော့ကြည့်လာသည်...

"ဘယ်သူ့ဆီလာတာလဲမသိဘူး "

ကောင်မလေးအသံကြောင့်အကုန်လုံးရဲ့အာရုံက Taehyung ဆီရောက်လာသည်...အဓိကဇာတ်ကောင်တွေအပါအဝင်ပေါ့...

Jungkook ကလည်း Taehyung ကိုမြင်သွားသည်..Taehyung ကိုတချက်သာကြည့်ပြီးမျက်စောင်းထိုးကာပြတင်းပေါက်ဘက်ကိုမျက်နှာလွှဲသွားသည်..သဘောကသူစိတ်ကောက်နေပါတယ်ပေါ့...

My Boyfriend is a Villain 😈(Complete)Where stories live. Discover now