Seokjin ကြော်ငြာရိုက်ဖို့အဝတ်အစား Company တစ်ခုကိုရောက်နေသည်..သူကတက်သစ်စဆိုပေမယ့်နာမည်ရနေတဲ့မင်းသားတစ်ယောက်...Jungkook ကသူ့ Company မှာစာချုပ်ချုပ်ဖို့ပြောလာပေမယ့် Seokjin အခုထိလက်မခံရသေး...
Jungkook ကိုစတွေ့တည်းကညီလေးတစ်ယောက်အနေနဲ့သဘောကျတာဆိုပေမယ့် သူ့(sj)ကိုတော့ Jungkook ကအဲ့လိုသဘောမထား...ငယ်ငယ်တုန်းကသူ့ကိုလာရောတဲ့သူတွေအကုန် Jungkook ကပြသနာလိုက်ရှာတတ်ပေမယ့် အဲ့တုန်းကတော့ကလေးတစ်ယောက်လိုသဝန်တိုတယ်ဘဲထင်ခဲ့တာ..
သူတို့နိုင်ငံခြားရောက်မှ Jungkook ဘက်ကဖွင့်ပြောလာပြီး ခံစားချက်တွေဝန်ခံခဲ့တာကြောင့် Seokjin သိခဲ့ခြင်းဖြစ်သည်...သူ့ဘက်ကချက်ချင်းငြင်းခဲ့တော့ Jungkook ကအရွှဲ့တိုက်ပြသည်..မိန်းမတွေနဲ့ပွေရှုတ်ကာ တက်တူးတွေပါထိုးလာသည်...
Seokjin နောက်ဆုံးမသိချင်ယောင်မဆောင်နိုင်တော့တာကြောင့် Jungkook အဖေကိုပြောလိုက်ရသည်..ထို့ကြောင့်သူ့ထက်စောကာ Jungkook ကအရင် Seoul ကိုရောက်နေခြင်းပင်...
"Kim Seokjin shi....တွေ့ရတာဝမ်းသာပါတယ် "
တည်ကြည်လေးနက်တဲ့အသံကြောင့် Seokjin တကိုယ်လုံးတောင့်တင်းသွားရသည်..သူမော့မကြည့်ရင်တောင်ထိုလူဘယ်သူလဲ Seokjin သေချာသိသည်..
"Seokjin...သူကဒီကြော်ငြာရဲ့အဓိက Sponser ပဲ Kim Namjoon တဲ့ "
Seokjin ရဲ့ Manager ဖြစ်သူကမိတ်ဆက်ပေးနေသည်...Seokjin စိတ်ကိုပြန်စုစည်းလိုက်ပြီးအားတင်းကာပြုံးရင်း မက်တပ်ရပ်လိုက်သည်...
"အာ...တွေ့ရတာဝမ်းသာပါတယ် Kim Namjoon Shi "
Namjoon ကမ်းပေးထားတဲ့လက်ကိုဆွဲကိုင်ကာနှုတ်ဆက်လိုက်တဲ့ Seokjin...အရင်ကလိုပဲ Namjoon ပြုံးလိုက်လို့ပေါ်လာတဲ့ပါးချိုင့်လေးကကြည့်ကောင်းနေတုန်းပင်...
Seokjin လက်ဆွဲနှုတ်ဆက်ရာမှပြန်ဖြုတ်ဖို့လုပ်လိုက်ပေမယ့်သူ့လက်ကိုလွှတ်မပေးတဲ့ Namjoon...ချွေးပြန်လာရတဲ့သူက Seokjin ပင်...Namjoon ကဘာဖြစ်ချင်နေတာလဲ...
သူ့ပုံရိပ်ကြောင့်ရော ဘေးကလူတွေကြောင့်ရော Seokjin အရမ်းလုပ်လို့ကမဖြစ်...Namjoon ကိုမျက်လုံးပြူးပြကာလွှတ်ဖို့အချက်ပြလိုက်တော့မှ လက်ကိုတချက်ညစ်ပြီးလွှတ်ပေးလေသည်..
YOU ARE READING
My Boyfriend is a Villain 😈(Complete)
FanfictionTaehyung.."ငါမင်းကိုကြိုက်တယ် Jeon Jungkook..ငါတို့တွဲရအောင်" [မင်းသားနှစ်ယောက်မြန်မြန်ညှားဖို့ ငါပဲအနစ်နာခံလိုက်ပါ့မယ်..] Jungkook.."မင်းငါ့ရဲ့ခန္ဓာကိုယ်ပဲရချင်ရလိမ့်မယ်..ငါ့အချစ်ကိုတော့ရဖို့မမျှော်လင့်နဲ့ " Taehyung.."မင်းမချစ်ရင်တောင် ငါကတော့ဆက်ခ...