5years later,
'တီ...တီ...တီ..တီ..'
နိုးစက်သံတတီတီကြောင့် Taehyung နိုးလာခဲ့သည်...ပုံမှန်အတိုင်းမျက်နှာသစ်သွားတိုက်ရေမိုးချိုးအဝတ်အစားလဲလိုက်သည်...နက်ပြာရောင် Suit ကိုဝတ်ဆင်ထားပြီးဆံပင်ခပ်အုပ်အုပ်ချထားတဲ့ Taehyung..
"Fighting Taehyung...မင်းတနေ့တော့သူ့ဆီက အာရုံစိုက်ခံရမှာပါ "
Taehyung မှန်ထဲကသူ့ပုံရိပ်ကိုကြည့်ပြီးအားတင်းကာပြုံးလိုက်သည်...ထို့နောက်အိတ်ကိုယူကာ တိုက်ခန်းထဲကထွက်ခဲ့လိုက်သည်..သူ့နေတဲ့နေရာက Bus ကားဂိတ်နဲ့နီးတာမို့ လမ်းအကြာကြီးမလျှောက်လိုက်ရ...
Bus ကားပေါ်ရောက်တော့ Taehyung နောက်ဆုံးတန်းကထောင့်မှာသွားထိုင်လိုက်သည်..
ကားပြတင်းပေါက်အပြင်ဘက်ကိုငေးရင်း Taehyung အတွေးတွေကအရင်ကအချိန်တွေဆီရောက်သွားသည်...
(ငါပြန်ရောက်တာ ၅နှစ်တောင်ရှိသွားခဲ့ပြီပဲ...)
Flash back,
Taehyung လက်ရှိဘဝကိုပြန်ရောက်ရောက်ချင်းတုန်းကပျော်ရွှင်မှုရောဝမ်းနည်းမှုကိုပါတပြိုင်တည်းခံစားခဲ့ရသည်...နိုးနိုးချင်းသူ့အခန်းထဲကပြေးထွက်ကာ သူ့အဘွားနဲ့အမေကိုရှာတော့ မီးဖိုခန်းထဲမှာပုံမှန်အတိုင်းရှိနေသည်...
Taehyung အပြေးသွားကာအဘွားကိုဖက်ပြီးငိုချလိုက်မိသည်...
"Omo Omo ယောင်းလေးရယ်ဘာလို့ငိုနေတာတုန်း..အိမ်မက်ဆိုးမက်လို့လား"
"ဟင့်...အဘွားကိုအရမ်းလွမ်းနေခဲ့တာ..Omma ကိုရော Appa ကိုရော..ဟင့်"
"အိုက်ဂူးရာ...မသိရင်အကြာကြီးခွဲနေကြတဲ့သူတွေကျနေတာပဲ အိပ်တဲ့ချိန်လေးပဲခွဲအိပ်ရတာကို ဒီကလေးကတော့ "
Taehyung ကျောလေးကိုပုတ်ကာ Tae အဘွားက Tae အမေကိုမျက်စပြစ်ပြတော့ သူမလည်းမသိဘူးဆိုတဲ့ပုံစံနဲ့ခေါင်းခါပြလေသည်...
Taehyung သူ့အဘွားကိုဖက်ငိုပြီးတော့ သူ့အမေဆီဖက်ကာငိုပြန်သည်...သူ့အဘွားနဲ့အမေကဘာမှနားမလည်ပေမယ့် Taehyung ကိုတော့နှစ်သိမ့်ပေးကြသည်...သူ့အဖေကအလုပ်သွားပြီမို့လို့သာ မဟုတ်ရင် Taehyung သူ့အဖေကိုလည်းထိုသို့အလွမ်းဖြေမိမည်ထင်သည်...
YOU ARE READING
My Boyfriend is a Villain 😈(Complete)
FanficTaehyung.."ငါမင်းကိုကြိုက်တယ် Jeon Jungkook..ငါတို့တွဲရအောင်" [မင်းသားနှစ်ယောက်မြန်မြန်ညှားဖို့ ငါပဲအနစ်နာခံလိုက်ပါ့မယ်..] Jungkook.."မင်းငါ့ရဲ့ခန္ဓာကိုယ်ပဲရချင်ရလိမ့်မယ်..ငါ့အချစ်ကိုတော့ရဖို့မမျှော်လင့်နဲ့ " Taehyung.."မင်းမချစ်ရင်တောင် ငါကတော့ဆက်ခ...