Taehyung အသက်ရှူကျပ်တယ်လို့ခံစားရတာကြောင့်နိုးလာခဲ့သည်...
မျက်လုံးဖွင့်ကြည့်လိုက်တော့သူကတစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ..သူ့ကိုတင်းကျပ်စွာဖက်ထားတဲ့လူကို Taehyung မော့ကြည့်လိုက်တော့ Jungkook ဖြစ်နေသည်...
(What the fuck..Jeon Jungkook ကြီးဟ)
တဆက်တည်းညတုန်းကအဖြစ်အပျက်တွေခေါင်းထဲပြန်ဝင်လာတာကြောင့် ရင်တွေခုန်လာပြီး Jungkook ကိုဆက်မကြည့်ရဲတော့တာကြောင့် Taehyung ထထိုင်လိုက်သည်..Jungkook မျက်နှာကရှုံ့မဲ့သွားပေမယ့် နိုးတော့မနိုးသွား...
Jungkook ဘေးမှာတော့ Hoseok ကအိပ်နေပြီး Jimin ကတော့ Yoongi ရင်ခွင်ထဲမှာဖြစ်သည်...Hoseok ကလည်း Jimin ကိုခွဖက်ထားတာကြောင့် Jimin မှာလူနှစ်ယောက်အလယ်မှာသေးသေးလေးဖြစ်နေတော့သည်...
သူတို့၅ယောက်သား နှစ်ယောက်အိပ်ကုတင်မှာစုပြုံအိပ်နေကြခြင်းဖြစ်သည်..မနေ့ညကသူတို့တွေ အရက်ပြင်းသောက်ဖို့စိန်ခေါ်ကြရင်း အပေါ်ထပ်က Hoseok အခန်းထဲကိုရောက်ခဲ့ကြသည်...အသက်မပြည့်သေးတော့ လူကြားထဲမှာမသောက်ဖို့ Taehyung ကတားလိုက်ခြင်းပင်..ညကမူးလည်းမူးနေကြတာကြောင့် သူတို့တွေတစ်ယောက်မှအိမ်မပြန်တော့ဘဲ Hoseok အခန်းထဲမှာပဲအိပ်လိုက်တာဖြစ်သည်...
Taehyung ကျန်တဲ့သူတွေမနိုးအောင် ဖြေးဖြေးလေးထကာကုတင်ပေါ်ကဆင်းလိုက်သည်..ထို့နောက် ရေချိုးခန်းထဲဝင်ပြီးတံခါးကိုစေ့ထားလိုက်သည်...မှန်ထဲမှာမြင်နေရတဲ့သူ့မျက်နှာလေးကိုကြည့်လိုက်တော့ အရာအားလုံးပုံမှန်ဖြစ်နေပေမယ့်ထူးခြားနေတာကသူ့ရဲ့နှုတ်ခမ်းပင်..နှုတ်ခမ်းကဖူးယောင်ပြီး နီရဲနေသည်..
ဘာလို့ဒီလိုဖြစ်တာလည်းဆိုတာ Taehyung မှတ်မိသည်...မနေ့ညက...
Flash back,
သူတို့တွေတဖြည်းဖြည်းအရှိန်ရလာတော့ အကုန်လုံးကပြောရဲဆိုရဲဖြစ်လာကြသည်...
"Ya.... Taehyung မင်းကိုမနေ့က Jungkook နမ်းသွားတာမင်းမခံပြင်းဘူးလား.."
အာလေးရှာလေးအသံနဲ့ပြောနေတဲ့ Yoongi...Taehyung ကလည်းမူးနေတဲ့အသံနှင့်..
"အေ့...အဲ့ကောင်ဇာတ်ညွှန်းလည်းမဖတ်ဘဲ သူလုပ်ချင်တာတွေပဲလုပ်သွားတာ..အေ့.."
YOU ARE READING
My Boyfriend is a Villain 😈(Complete)
FanfictionTaehyung.."ငါမင်းကိုကြိုက်တယ် Jeon Jungkook..ငါတို့တွဲရအောင်" [မင်းသားနှစ်ယောက်မြန်မြန်ညှားဖို့ ငါပဲအနစ်နာခံလိုက်ပါ့မယ်..] Jungkook.."မင်းငါ့ရဲ့ခန္ဓာကိုယ်ပဲရချင်ရလိမ့်မယ်..ငါ့အချစ်ကိုတော့ရဖို့မမျှော်လင့်နဲ့ " Taehyung.."မင်းမချစ်ရင်တောင် ငါကတော့ဆက်ခ...