Seoul မြို့တစ်နေရာကစာအုပ်ဆိုင်လေးမှာ Taehyung ရောက်ရှိနေသည်..သူ့လိုစာဖတ်ဝါသနာပါတဲ့သူတစ်ယောက်က စာအုပ်ရောင်းတဲ့ဆိုင်တိုင်းလိုလိုဝင်ပြီးသားပဲ..ကိုယ်သဘောကျတဲ့စာအုပ်တွေ့ရင်ဝယ်ဖြစ်တာကြောင့် အိမ်မှာသူ့အခန်းကစာအုပ်တွေနဲ့ပြည့်နေတော့သည်..
Taehyung အလယ်တန်းမှာကတည်းကစပြီး စာဖတ်တာကိုဝါသနာပါခဲ့တာအခုအထက်တန်းရောက်တဲ့အထိပင်..စာဖတ်ဝါသနာပါလို့စာဂျပိုးလူတော်လေးလို့မထင်လိုက်နဲ့ သူဖတ်တာကအချစ်ဝတ္ထု၊သရဲဝတ္ထု၊သဲထိပ်ရင်ဖိုဝတ္ထု၊ရုပ်ပြစာအုပ် ထိုအမျိုးအစားတွေသာ..အခုလည်း သူငယ်ချင်းတွေနဲ့လည်ပတ်နေတုန်းစာအုပ်ဆိုင်တွေ့တာနဲ့ဝင်လာခဲ့ခြင်းဖြစ်သည်..
စာအုပ်တွေကိုလိုက်ကြည့်နေရင်း Taehyung မျက်လုံးကိုဖမ်းစားသွားတဲ့ခေါင်းစဥ်လေး...
"Till the end of love...အင်းRoမယ့်ပုံလေးအဟိ..best seller ထဲထည့်ထားတာဆိုတော့ဖတ်လို့ကောင်းမယ့်ပုံပဲ"
စာအုပ်လေးကိုယူပြီး စာရွက်အနည်းငယ်လှန်ဖတ်ကြည့်လိုက်တော့ Taehyung စိတ်ပျက်သွားရသည်..ထိုစာအုပ်ကရိုးရိုးဝတ္ထုမဟုတ်ဘဲ BL ဝတ္ထုဖြစ်နေတာကြောင့်ပင်..
"အဲ့တာကြောင့်လူကြီးတွေက အဖုံးကိုကြည့်ပြီးမဆုံးဖြတ်နဲ့ပြောကြတာကိုး.."
အပန်းရောင်စာအုပ်အဖုံးလေးကိုပိတ်ပြီး Taehyung ပြောလိုက်သည်..
ဒီနေ့ခေတ်မှာ BL ဝတ္ထုတို့ BL webtoon တို့ပေါများလာတာသိပေမယ့် Straight တစ်ယောက်ဖြစ်တဲ့သူကတော့ ဘယ်လောက်စာဖတ်ဝါသနာပါပါ ထိုအမျိုးအစားတွေတော့ဖတ်မှာမဟုတ်..Taehyung စာအုပ်လေးကိုနေရာမှာပြန်ထားလိုက်ပြီး တခြားစာအုပ်တစ်အုပ်ကိုပဲဝယ်ပြီးပြန်ထွက်လာခဲ့လိုက်သည်...
.
.ကျောင်းဖွင့်ရက်ရောက်တော့ ထုံးစံအတိုင်းTaehyung တို့ကကျောင်းမင်းသားလေးဖြစ်နေတုန်းပင်..Taehyungကမိန်းကလေးတွေသာမက ယောကျာ်းလေးတွေကြားမှာပါရေပန်းစားသူတစ်ယောက်..ကျောင်းဝင်းထဲဝင်တာနဲ့မသိမသာတမျိုး သိသိသာသာတဖုံလှမ်းရှိုးနေကြတဲ့ကျောင်းသူကျောင်းသားတွေ..
Taehyung သူ့ Locker ထဲကိုကြည့်လိုက်တော့ မုန့်တွေ လက်ဆောင်လေးတွေနှင့်စာတွေအပြည့်..ဒါတွေကနေ့တိုင်းဖြစ်နေကျမို့ Taehyung အတွက်မထူးဆန်းတော့..သူ့လွယ်အိတ်ကို Locker ထဲထည့်ခဲ့လိုက်ပြီးဒီနေ့အချိန်ဇယားအတိုင်းစာအုပ်အနည်းငယ်နှင့် Locker ထဲကသူစားချင်တဲ့မုန့်တစ်မျိုးကိုရွေးပြီးယူခဲ့လိုက်သည်..မုန့်ပိုင်ရှင်ကဒီနေ့အတွက်ကံကောင်းသူလိုခံစားနေရတော့မည်ဆိုတာသေချာသည်..
YOU ARE READING
My Boyfriend is a Villain 😈(Complete)
FanfictionTaehyung.."ငါမင်းကိုကြိုက်တယ် Jeon Jungkook..ငါတို့တွဲရအောင်" [မင်းသားနှစ်ယောက်မြန်မြန်ညှားဖို့ ငါပဲအနစ်နာခံလိုက်ပါ့မယ်..] Jungkook.."မင်းငါ့ရဲ့ခန္ဓာကိုယ်ပဲရချင်ရလိမ့်မယ်..ငါ့အချစ်ကိုတော့ရဖို့မမျှော်လင့်နဲ့ " Taehyung.."မင်းမချစ်ရင်တောင် ငါကတော့ဆက်ခ...