အပိုင်း ( တစ် )

25.6K 388 2
                                    


အစိမ်းနု​ရောင်သစ်သားဘောင်ကွပ်ထားတဲ့ မှန်တံခါးလေးကိုသူမတွန်းဖွင့်လိုက်တော့ လေတိုးသွားတာမို့ တန်းမှာချိတ်ထားတဲ့ခေါင်းလောင်းလေးက ချွှင်ကနဲမြည်သွားခဲ့သည်။

မှန်တံခါးအတွင်းဘက်မှာချိတ်ဆွဲထားတဲ့ Close ဆိုတဲ့သစ်သားပြားလေးကိုပြောင်းပြန်လှန်လိုက်တော့ Open ဆိုတဲ့စာတန်းလေးပေါ်လာတာကိုကြည့်ပြီးသူမပြုံးလိုက်သည်။

ဆိုင်အပြင်ကိုအနည်းငယ်ထွက်ပြီး ခေါင်းကို
အပေါ်မော့ကာ အဝါနုရောင်ဆိုင်းဘုတ်လေးကိုကြည့်လိုက်သည်။

' ရပ်ဝန်းငယ်   Book Shop & Cafe  '

Coffee ခွက်ပုံလေးနဲ့ စာအုပ်ပုံလေး တစ်ဖက်
တစ်ချက်စီမှာအလှဆင်ထားရင်းနက်ပြာ
ရောင်စာလုံးလှလှလေးတွေနဲ့ သူမကိုယ်တိုင်ရေးဆွဲဖန်တီးထားတဲ့ ဒီဆိုင်းဘုတ်လေးကို နေ့စဥ်ဆိုင်ဖွင့်ချိန်တိုင်းကြည့်ရလေမှသူမရဲ့တစ်နေ့တာက ပြီးပြည့်စုံသွားသလိုခံစားရသည်မဟုတ်ပါလား....

" ရပ်ဝန်းငယ် ဖွင့်ပါပြီရှင် "

" ရပ်ဝန်းငယ် ! ! "

" ရှင် "

သူမရဲ့မနက်ခင်းလေးကတော့ သူမကိုယ်တိုင်
ဖန်တီးထားတဲ့ စိတ်ကူးယဥ်ဆန်ဆန်ဆိုင်ကလေးလိုလှပမနေခဲ့ပါ။ ခပ်ဆတ်ဆတ်ခေါ်သံကြောင့် အသံလာရာဆီကိုကြည့်မိတော့ ခပ်တင်းတင်းမျက်နှာထားနဲ့ ရပ်နေတဲ့ အန်တီစုကိုမြင်လိုက်ရတာမို့ ရင်ကထိတ်ကနဲ....

" အန်တီစု ကော်ဖီသောက်ပါဦး "

" ဒီနေ့ဘယ်နှရက်နေ့လဲ ရပ်ဝန်းငယ် "

သူမချပေးတဲ့ကော်ဖီခွက်ကို ငဲ့တောင်မကြည့်ပဲ မေးချလိုက်တာမို့သူမ ဗန်းလေးကိုပိုက်ကာ
အနည်းငယ်တွေဝေနေပြီးမှခပ်မြန်မြန်အဖြေပေးလိုက်ရသည်။

" 17 ရက်နေ့ပါ အန်တီစု ဒီနေ့က သောကြာနေ့လေ "

" ဘယ်မှာလဲ အိမ်လစာ "

" အန်တီစုရယ် တစ်ရက်နှစ်ရက်လောက် ထပ်စောင့်ပေးပါဦးနော် ရပ်ဝန်း ပိုက်ဆံပြည့်အောင်စုနေပါတယ် "

သူမ စိတ်လှုပ်ရှားလွန်းစွာဖြင့် လက်နှစ်ဖက်
ကိုအချင်းချင်း ဆုပ်ကိုင်လိုက်ပြီး အန်တီစုကို အနည်းငယ်တိုးလျစွာတောင်းဆိုလိုက်မိ
သည်။ ဒီလလဲ သူမမှာ အကျပ်အတည်းတွေများနေခဲ့သည်ပဲမဟုတ်လား။

အချစ်ရိပ် ရပ်ဝန်းငယ် ( Complete ) Место, где живут истории. Откройте их для себя