အပိုင်း ( ငါး)

7.2K 228 3
                                        


လေးပင်နေတဲ့မျက်ခွံတွေကိုအားယူဖွင့်လိုက်ရင်း ပါတ်ဝန်းကျင်ကိုသတိထားကြည့်မိလိုက်တော့ ရပ်ဝန်း အခန်းထဲပြန်ရောက်နေတာကိုသိလိုက်ရသည်။

လက်ဖဝါးထဲကခပ်နွေးနွေးအသိကြောင့် ငုံ့
ကြည့်မိတော့ ရပ်ဝန်း လက်ဖဝါးထဲကိုလက်
ချောင်းလေးတွေထည့်ကာခပ်တင်းတင်းဆုပ်
ကိုင်ထားတဲ့သားသားရဲ့လက်သေးသေးကလေး။

မျက်ရည်စတွေစိုလူးပြီးနှစ်ခြိုက်စွာအိပ်ပျော်နေတဲ့သားငယ်ကိုကြည့်ရင်း ရပ်ဝန်းရင်ဘတ်
ထဲမှာ ဆို့နင့်နေတဲ့တစ်စုံတစ်ခုကိုလွင့်ပါးသွားအောင် ဟူး ကနဲသက်ပြင်းမောက်ိုမှုတ်ထုတ်လိုက်သည်။

ဒါပေမယ့်လဲ ရင်ထဲမှာပေါ့ပါးသွားခြင်းမရှိပဲလေးကန်နေဆဲ ...

သားသားရဲ့ ပါးပြင်လေးပေါ်ကခြောက်လုလုမျက်ရည်စီးကြောင်းတွေကိုခပ်ဖွဖွသုတ်ပေးရင်း လက်ခုံလေးကိုအမြတ်တန်ိုးနမ်းရှိုက်လိုက်ကာ ခပ်တိုးတိုးလေးရေရွတ်မိသည်။

" သားက မေမေ့ရဲ့ အရာရာပါပဲ သားရယ် "

ခပ်ကွေးကွေးအိပ်ပျော်နေတဲ့သားငယ်ရဲ့ ခန္ဓာကိုယ်ပေါ်ကို စောင်အပါးလေးလွှမ်းခြုံပေးခဲ့ပြီး ရပ်ဝန်း အိပ်ခန်းထဲကထွက်ခဲ့လိုက်သည်။

ဆိုင်ပိတ်ရဦးမည်လေ....

ရပ်ဝန်း အောက်ထပ်ရောက်တော့ ဆိုင်တံခါးကိုပိတ်ထားပြီးနှင့်နေပြီမို့ တစ်ချက်သွားစစ်လိုက်ပြီး ကောင်တာအနောက်ကမီးလင်းနေတဲ့အခန်းကိုတစ်ချက်လှမ်းကြည့်လိုက်မ်ိသည်။

လှုပ်ရှားမှုမရှိငြိမ်သက်နေတဲ့ထိုအခန်းကို အတန်ကြာတွေဝေတုံ့ဆိုင်းစွာကြည့်နေမိပြီးမှ
အပေါ်ထပ်ကိုသာပြန်တက်သွားလိုက်တော့သည်။

ရပ်ဝန်း အပေါ်ကိုပြန်တက်သွားမှ စာအုပ်စင်တွေကြားက ထွက်လာတဲ့အရိပ်က စာအုပ်၂
အုပ်ကိုကိုင်ရင်း ထိုနေရာကိုရောက်လာခဲ့သည်။

သူ့အခန်းကိုတစ်လှည့် ရပ်ဝန်း ပြန်တက်သွားတဲ့လှေကားဆီကိုတစ်လှည့်ကြည့်ရင်းမသက်
မသာပြုံးလိုက်မိသည်....

" တကယ်လဲစိတ်ပျော့တဲ့မိန်းကလေးပဲ "

အရိပ် ခပ်တိုးတိုးရေရွတ်မိသည်။ သူ့ဘ၀
တစ်လျှောက်မှာ ဒီလိုမိန်းကလေးမျိုး သူမကလွဲလို့ မကြုံဖူးခဲ့ရိုးအမှန်ပါ။ တစ်ခါတစ်ရံ သူမက ပြတ်သားမာကြောလွန်းသလို တစ်ခါတစ်လေကျပြန်တော့လဲ နူးညံ့ကြင်နာလွန်း
ပြန်သည်။

အချစ်ရိပ် ရပ်ဝန်းငယ် ( Complete ) Where stories live. Discover now