ကျွီ!
ကားလေးကိုလမ်းထဲချိုးကွေ့ဝင်လိုက်တဲ့အချိန်မှာ ရုတ်တရက်မြင်လိုက်ရတဲ့အရိပ်လေးတစ်ခုကြောင့် ခန့်မော်ဦး ကားဘရိတ်ကိုအမြန်နင်းချလိုက်ရသည်။
သူ့ကားရှေ့မှာအထိတ်တလန့်ရပ်နေတဲ့ မိန်းကလေးက ရင်းနှီးနေပြီးသားမျက်နှာဖြစ်နေတာမို့ ကားတံခါးကိုဖွင့်ပြီးဆင်းလာခဲ့လိုက်ရင်း ....
" အစ်မ အဆင်ပြေရဲ့လား ဘာဖြစ်သွားသေးလဲ "
" သြော် ရပါတယ် ရပ်ဝန်း ရပ်ဝန်း ဘာမှ ဘာမှမဖြစ်ဘူး "
မျက်လုံးထဲမှာ မျက်ရည်စတွေပြည့်နေတာကို
ကားမီးရောင်နဲ့မြင်လိုက်ရသလို စိတ်ကိုထိန်းပြီး စကားပြောနေတဲ့ထိုအချိန်မှာတောင် အဆင်ပြေနေပုံမရတဲ့သူမရဲ့မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကို ခန့်မော်ဦး ရိပ်မိသွားတာမို့ ....
" အစ်မ ကျွန်တော်နဲ့ အအေးလေးခဏလောက်ထိုင်သောက်ကြမလား "
ခန့်မော်ဦး မေးလိုက်တော့သူမက ခေါင်းငိုက်စိုက်ချထားရာက မဝံမရဲလေးမော့ကြည့်လာပြီး ခဏကြာမှ ခန့်မော်ဦးကို မှတ်မိသွားပုံရကာ ....
" သြော် ရှင်ကိုး... "
အတန်ငယ်ကျယ်ဝန်းတဲ့ခြံလေးထဲကဒါန်းပေါ်မှာ သူမငြိမ်သက်စွာထိုင်နေတာကို သူ တစ်ချက်ကြည့်ပြီးမှ အိမ်ထဲကိုဝင်လာခဲ့လိုက်ရသည်။
လက်ထဲကအိတ်ကို ဆိုဖာပေါ်ချပြီးအဝတ်
အစားတောင်တက်မလဲနိုင်တော့ပဲ ရေခဲ
သေတ္တာကိုဖွင့်ကာ အအေးတစ်ဗူးနဲ့ရေသန့်ဗူးတစ်ဗူးပါ ထုတ်ယူရင်းပြန်ထွက်လာခဲ့လိုက်သည်။
ဧည့်ခန်းထဲကပြန်အထွက်မှာ သတိတရနဲ့ စားပွဲပေါ်က box ထဲက တစ်ရှူးတစ်ချို့ဆွဲ့ထုတ်ယူလာခဲ့လိုက်မိသေးသည်။
ဒါန်းလေးပေါ်မှာ ခြေထောက်နှစ်ဖက်လုံးတင်ထားပြီး ဒူးနှစ်ချောင်းပေါ်မျက်နှာအပ်ထားတဲ့သူမက ထပ်ပြီး ငိုကြွေးနေပြန်သလားဆိုတာ
ခန့်မော်ဦးမသိပါ။ ဆက်သွားရကောင်းနိုး ရပ်နေရကောင်းနိုး ခဏတွေဝေနေမိပြီးတော့မှ အသံပြုကာ သူမအနားဆက်လျှောက်သွားလိုက်တော့သည်။
ВЫ ЧИТАЕТЕ
အချစ်ရိပ် ရပ်ဝန်းငယ် ( Complete )