" ဆိုင်ကဘာလို့ပိတ်တာလဲ ခင်ဗျ အစ်မတော်တော်နေမကောင်းလို့လား "
" ရက်နည်းနည်း နားဖို့လိုနေတုန်းမို့ "
' ရက်အကန့်အသတ်မရှိ ဆိုင်ပိတ်ပါသည် '
ဆိုတဲ့ အဖြူရောင်စာရွက်လေးမှန်တံခါးမှာကပ်ထားတာကိုကြည့်ရင်း ခန့်မော်ဦး စိုးရိမ်
တကြီးမေးလိုက်မိတော့ ကားဆီလျှောက်သွားဖို့ ပြင်နေတဲ့အရိပ်က သူ့ကိုပြန်လှည့်
ကြည့်လာပြီးမှ ဝတ်ကျေတန်းကျေဖြေရုံသာဖြေပြီးလှည့်ထွက်သွားသည်။
" ဒါနဲ့ အစ်မတို့သားအမိက အခုဘယ်မှာနေနေကြတာလဲ "
ဒီမေးခွန်းကိုတော့ အရိပ်က စိတ်အနှောင့်အယှက်ဖြစ်သွားတာမို့ ဘာမဆိုင်ညာမဆိုင်
စပ်စုနေတဲ့ အမျိုးကောင်းသားက်ို ဆွဲထိုးပစ်ချင်စိတ်ကို ထိန်းကာ သွားတွေကိုစေ့ရင်း ....
" မင်းက ငါ့မိန်းမကိုအရမ်းစိတ်ဝင်စားပုံရတယ်နော် ဘာတွေဒီလောက်စပ်စုနေရတာ
လဲ "
" အာ တစ်မျိုမထင်ပါနဲ့ ကျွန်တော်က ဒီအတိုင်း မေး... "
သူ့စကားမဆုံးခင် အရိပ် ဘောင်းဘီအိပ်ထဲက ဖုန်းလေးဆူညံစွာအော်မြည်လာတာမို့
သူ့ကိုလက်ကာပြပြီး ဖုန်းလေးငိုထုတ်ဖြေလိုက်ရသည်။
" သြော် ရပ်ဝန်း ပြောလေ ကိုယ်ပြန်လာ.... '
>>> ဦးဦး... ဦးဦး မြန်မြန်ပြန်လာပါတော့ ဒီမှာမေမေဘာဖြစ်သွားလဲမသိဘူး ခေါ်လို့မရတော့ဘူး အီးဟီးဟီး ဦးဦး ...
" သားသား မငိုနဲ့နော် ဦးအခုပြန်လာပြီ မေမေ့ကို ခဏဂရုစိုက်ထားပေး ဦး အခုပြန်လာပြီ "
ထိတ်ထိတ်ပြာပြာနဲ့ ဖုန်းလေးပိတ်ကာကားဆီ
ပြေးသွားပြီးမှ အနောက်ကိုပြန်ပြေးလာပြီး မှ
ကြောင်စီစီရပ်ကြည့်နေတဲ့ ခန့်မော်ဦးကို တစ်ချက်ကြည့်ကာ .....
" ခင်ဗျားက ဆရာဝန်မဟုတ်လား လာခဲ့ "
" ဟုတ်.. ဟာ ဟေ့လူ နေဦးလေ "
ပြောလဲပြောဆွဲလဲဆွဲနဲ့ အရိပ် ပြာယာခတ်ပြီး
ခန့်မော်ဦးကို ဂုတ်ကဆွဲကာ ကားထဲတွန်း
ထည့်လိုက်ပြီးမှ တံခါးကိုပိတ်ပြီး ကားမောင်းသူနေရာကို အပြေးသွားဝင်တက်ထိုင်လိုက်
ကာ ကားလေးကို အရှိန်မြန်မြန်မောင်းထွက်လိုက်မိတော့သည်။
YOU ARE READING
အချစ်ရိပ် ရပ်ဝန်းငယ် ( Complete )