" အိပ်လို့မရဘူးလား "
မျက်လုံးတွေမှိတ်လို့မရအောင်အထိ အတွေးတွေများနေတာမို့ အိပ်မရတဲ့အဆုံးမှာ ရေခဲ
သေတ္တာထဲက ဘီယာတစ်ဗူးယူပြီး ခေါင်မိုးထပ်ကိုတက်လာတဲ့အရိပ် ခုံတန်းလေးပေါ်မှာထိုင်ရင်း အဝေးကိုငေးနေတဲ့ ရပ်ဝန်းကိုတွေ့လိုက်ရတာမို့ သူမအနားလျှောက်လာရင်း မေးလိုက်မိသည်။
" ရှင်ရောလား "
သူမက တစ်ချက်လှည့်ကြည့်ပြီး အရိပ် ဆီကိုလက်ကမ်းပေးရင်းမေးလာတော့ အရိပ်က နားမလည်သလိုကြည့်လိုက်ရင်း ...
" ဘာလဲ "
" ရပ်ဝန်းလဲ သောက်မယ် "
အရိပ်မျက်ခုံးတွေမြင့်တက်သွားရသည်။သူ့လက်ထဲက အေးစက်နေတဲ့ ဘီယာဗူးလေးကတော့ ရပ်ဝန်းငယ်လက်ထဲ ခပ်မြန်မြန်ပါသွားခဲ့ပြီ။
" ရပ်ဝန်း ဖေဖေနဲ့ မေမေက သိပ်ချစ်ကြတာတဲ့ "
" ဟုတ်လား "
" အင်း တက္ကသိုလ်အတူတူတက်တယ် အလုပ်လဲအတူတူလုပ်တယ် ပြီးတော့လက်ထပ်ခဲ့ကြတယ်လေ "
" အင်း "
" ဒါပေမယ့် သူတို့ဘာလို့ဝေးသွားကြလဲသိလား "
သူမ လှည့်မကြည့်လာခဲ့ပေမယ့် အရိပ် ခေါင်းခါပြလိုက်မိတာကို သိပုံရသည်ထင်ရဲ့ စကားကို ရှေ့ဆက်ပြောနေခဲ့သည်။
" ရပ်ဝန်းကို မွေးခဲ့လို့တဲ့လေ "
အရိပ် သူမကိုချက်ချင်းကြည့်လိုက်မိသည်။
သူမသောက်နေပုံအရ ဘီယာဗူးက တစ်ဝက်တောင်ကျိုးဦးမယ့်ပုံမပေါ်ပေမယ့် သူမပြောနေတဲ့စကားတွေက အများကြီးအတွင်းကျနေတာမို့ သူ စကားထောက်ရင်း ထိန်းလိုက်ရသည်။
" မင်း မူးနေပြီရပ်ဝန်းငယ် လာ ကိုယ်အခန်းကိုပြန်ပို့ပေးမယ် "
" ဖေဖေက မိန်းကလေးမဟုတ်ပဲ ယောကျာ်းလေးမွေးလာဖို့စောင့်နေခဲ့တာတဲ့ "
" ဟင် "
အရိပ် အံ့သလိုကြည့်လိုက်တော့ သူမက အဝေးကိုငေးရင်း နွမ်းလျစွာ ပြုံးလိုက်ပြီးမှ ဘီယာဗူးကို တစ်ငုံထပ်မော့သောက်ကာ နှုတ်ခမ်းပေါ်က ဘီယာတွေကို လက်ခုံနဲ့ပွတ်သုတ်ရင်း ....
YOU ARE READING
အချစ်ရိပ် ရပ်ဝန်းငယ် ( Complete )