အရိပ် အိပ်ယာထက်မှာနာရီအတန်ကြာလူးလှိမ့်ရင်း အိပ်မပျော်နိုင်လောက်အောင်စိတ်လှုပ်ရှားနေခဲ့တာမို့ လေညှင်းခံရအောင် ခေါင်မိုးထပ်ကိုတက်လာခဲ့လိုက်သည်။
အင့် !
ခပ်တိုးတိုးထွက်ပေါ်လာတဲ့ရှိုက်သံကြောင့် အသံလာရာအရပ်ဆီကြည့်မိတော့
" ရပ်ဝန်း "
ခုံတန်းလေးပေါ်မှာခေါင်းငိုက်စိုက်ကျနေတဲ့ရပ်ဝန်းငယ်.....။ သူ တဖြည်းဖြည်းအနားကပ်သွားလိုက်တော့ ချဥ်စူးစူး ဘီယာနံ့က ထောင်းကနဲ...
ခုံတန်းလေးပေါ်မှာ ငြိမ်သက်စွာထိုင်နေပြီး သူမမျက်နှာက ဒူးနှစ်ချောင်းပေါ်အပ်ထားတာမို့ ဆံပင်ရှည်ရှည်တွေက သူမခန္ဓာကိုယ်ပေါ် လွှမ်းခြုံထားသလိုကျနေသည်မို့ အရိပ်
သူမ ပခုံး၂ဖက်ကိုခပ်ဖွဖွကိုင်ပြီး မထူကြည့်
လိုက်မိသည်။" ရပ်ဝန်းငယ် မသောက်နိုင်ပဲဘာလို့အများကြီးသောက်တာလဲကွာ မနက်မင်္ဂလာပွဲကျမထနိုင်ရင်ဘယ်လိုလုပ်မလဲ လာ အခန်းထဲပို့ပေးမယ် အိပ်တော့ "
" ရပ်ဝန်း မချစ်ဖူးဘူး "
ခပ်လေးလေးအသံနဲ့ တစ်လုံးချင်းပြောချလိုက်တဲ့ သူမစကားကြောင့် အရိပ်လှုပ်ရှားမှုတွေရပ်တန့်သွားရသည်။
" လူတစ်ယောက်ကို ဘယ်လိုချစ်ရလဲဆိုတာမသိဘူး "
" သူများတွေလို ရည်းစားနဲ့အတူ မုန့်ဆိုင်မထိုင်ခဲ့ဖူးဘူး "
" ရုပ်ရှင်ရုံတွေ ပန်းခြံတွေလဲမရောက်ခဲ့ဖူး
ဘူး "" ဘဝမှာတစ်ခါမှ ချစ်သူရော ရည်းစားရော မထားခဲ့ဖူးဘူး "
" အချစ်လား စိတ်လှုပ်ရှားတာလားတောင်ခွဲခြားမသိနိုင်သေးတဲ့အချိန်လေးမှာပဲ ဒီမှာ
ဒီမှာ "ရပ်ဝန်းက သူမဗိုက်ကလေးကိုလက်နဲ့ပွတ်ရင်း မျက်ရည်တွေဝေ့သီနေတဲ့ အကြည့်တွေနဲ့ အရိပ်ကိုကြည့်လာပြီး
" သားသားကရှိနေခဲ့တယ် "
" ရပ်ဝန်းငယ် ရယ် "
" အခုလဲ ဘာတွေကဘယ်လိုမှားယွင်းသွားမှန်းမသိပဲ မင်္ဂလာပွဲတဲ့လား...ရပ်ဝန်း ဘာတွေများအမှားလုပ်မိလို့လဲဟင် ရပ်ဝန်း ဘယ်သူ့အပေါ်အပြစ်ပြုမိလို့လဲ ဘာလို့... ဘာလို့ ရပ်ဝန်းဆီမှာပဲ ဒီလိုကိစ္စမျိုးတွေလာဖြစ်နေရတာလဲ ဟင့် ရပ်ဝန်း ပင်ပန်းနေပြီ ပင် ပန်း. "
ESTÁS LEYENDO
အချစ်ရိပ် ရပ်ဝန်းငယ် ( Complete )