နှစ်ဆယ်

3.8K 131 2
                                    

" မင်း အဆင်ပြေရဲ့လား ရပ်ဝန်းငယ် "

ခပ်တိုးတိုး သူမေးလိုက်မိတော့ ကုတင်ပေါ်မှာ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့သားငယ်ကို ငေးကြည့်နေတဲ့ ရပ်ဝန်းငယ်ဆီက သက်ပြင်းချသံသဲ့သဲ့တစ်ခု ......

လွန်ခဲ့တဲ့ ၂ရက် စျေးဝယ်ထွက်ပြီး သတိမေ့လျက်သား ပြန်ခေါ်လာ​ရပြီးတဲ့အချိန်ကစပြီး
ရပ်ဝန်းငယ်ရဲ့အပြုအမူတွေထူးဆန်းနေတာကို အရိပ် သတိထားမိပေမယ့် သူမဘက်ကအရင်တစ်ခုခုပြောလာမည့်အချိန်ကို အလိုက်တသိစောင့်ပေးနေခဲ့တာပါ။

အရိပ်အတွက်လဲ ဒီအချိန်၂ရက်က ၂ကမ္ဘာ
လောက်ကြာသွားသလိုကို ခံစားနေမိရသည်။
အခန်းထဲမှာ ငြိမ်သက်စွာခွေနေပြီး ဆိုင်ကိုလဲမသွား အစားအသောက်လဲ ရေရေရာရာမစားမသောက်ပဲ နေနေတဲ့ရပ်ဝန်းငယ်ကိုကြည့်ရတာ ရင်တွေနာလှသည်။

၃ရက်မြောက် ဒီနေ့မှာတော့ အရိပ်အလုပ်တောင်မသွားနိုင်တော့ပဲ ဖခင်ဖြစ်သူထံ ခွင့်
တောင်းပြီး အိမ်မှာရပ်ဝန်းငယ်ကို အဖော်ပြုဖို့
ထိုင်စောင့်နေရခြင်းသာ....

သူမ တစ်ခုခု ပြောလာမလာမျှော်လင့်ရင်းပေါ့လေ...

ဒါပေမယ့် အခုကြည့် နေ့တစ်ဝက်ကျိုးသည့်တိုင် သူမဆီကစကားသံတစ်စုံတစ်ရာမကြားရပါပဲ သားဦးမောင် အိပ်နေတာကို ဘေးကထိုင်ပြီး ခပ်တွေတွေလေးကြည့်နေတာ မလှုပ်မယှက်နဲ့ ၂နာရီခန့်ရှိတော့မည်။

ဘေးမှာရှိနေတဲ့ အရိပ်ကိုရော သူမ သတိထားမိရဲ့လား မသိပါ။

" ရှင် အလုပ်မသွားဘူးလား "

လှည့်မကြည့်ပါပဲ သူမမေးလာတော့ အရိပ် ဆံပင်တိုတိုတွေကို စိတ်ရှုပ်စွာလက်နဲ့သပ်လိုက်ရင်း...

" ကိုယ် ဘယ်လိုစိတ်နဲ့အလုပ်ကို စိတ်ဖြောင့်ဖြောင့်သွားရမလဲ ရပ်ဝန်းငယ်ရယ် "

" ရပ်ဝန်း ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရရင် တောင်းပန်ပါတယ်အရိပ် "

" ကိုယ်က မင်းအတွက် အခုထိ သူစိမ်းပဲလား ရပ်ဝန်းငယ် "

အရိပ် ထိုစကားကိုတော့ တကယ်ကိုနာနာကျင်ကျင်ပြောမိခြင်းရယ်ပါ....

အချစ်ရိပ် ရပ်ဝန်းငယ် ( Complete ) حيث تعيش القصص. اكتشف الآن