( တစ်ဆယ့်တစ်)

5.6K 191 3
                                        

ဒီနေ့တော့သားသားကို ကျောင်းသွားမကြိုခင် ဆေးခန်းဝင်ပြီး ရပ်ဝန်းငယ်လက်ကကျောက်
ပတ်တီးကိုဖြေရမှာမို့ ဆိုင်ကိုနေ့တစ်ဝက်ပိတ်ထားခဲ့ပြီး အရိပ်နဲ့အတူထွက်လာခဲ့လိုက်ရသည်။

" ဟိုးရှေ့မှာ ကားမှတ်တိုင် "

" ဒီတိုင်း Taxi ပဲငှားလိုက်လို့မရဘူးလား ဒီနေ့တော့ "

ရပ်ဝန်း သူ့ကိုခပ်တည်တည်စိုက်ကြည့်လိုက်တော့ မနိုင်ဘူးဆိုတဲ့သဘောနဲ့ မျက်နှာကိုမဲ့ကာ ပခုံးတွန့်ပြပြီးအရှေ့ကကြိုထွက်သွားတာမို့ ရပ်ဝန်း တစ်ချက်ပြုံးလိုက်ရင်း ဆက်လျှောက်လာခဲ့လိုက်ရသည်။

အရိပ်က ဂျစ်ကန်ကန်နိုင်ပြီးပေါင်းရသင်းရခက်တဲ့ပုံစံမျိုးပေမယ့်လဲ အတူနေခဲ့ကြတဲ့၂ လနီးပါးအချိန်အတွင်းမှာ ရပ်ဝန်း တဖြည်း
ဖြည်းချင်းသိလာခဲ့ရတာက ကူညီတတ်ပြီး စိတ်ရင်းကောင်းတဲ့ကောင်လေးတစ်ယောက်ပင်ဖြစ်သည်။

ဒီကာလတိုလေးအတွင်းမှာ လူစိမ်းတွေကို ကြောက်တတ်တဲ့သားသားနဲ့တောင် ရင်းနှီးလွန်းသွားခဲ့တာမို့ ရပ်ဝန်းပင်အံ့သြယူရသည်အထိ။ သားသားက တော်ရုံလူဆို သိပ်မရင်းနှီးတတ်ဘူးမဟုတ်လား။

တီ တီ တီ ! !

" အမေ့! "

ရပ်ဝန်းအတွေးလွန်နေစဥ် ရုတ်တရက်ထွက်ပေါ်လာတဲ့ ကားဟွန်းတီးသံကြောင့် လန့်သွားရသလို အရှေ့ကသွားနေတဲ့ အရိပ်ကလဲ ရပ်ဝန်းအသံကြောင့် ပြန်လှည့်ကြည့်လာခဲ့
သည်။ ရပ်၀န်း အနားမှာထိုးရပ်သွားတဲ့ ကားလေးကိုမြင်တော့ အလိုမကျသလို ခါးထောက်ကာ မျက်ခုံးနှစ်ဖက်ကိုတွန့်ပြီး ရပ်
ကြည့်နေလေရဲ့ .....

" အစ်မ ဆေးခန်းလာမှာမဟုတ်လား "

ကားပြတင်းကခေါင်းထွက်လာပြီး နှုတ်ဆက်တဲ့ ဒေါက်တာလေးကြောင့် သူမ ပြုံးပြကာနှုတ်ဆက်လိုက်ရင်း...

" ဟုတ်ကဲ့ ဒေါက်တာလေး အခုပဲသွားကြမလို့ပါ "

" လာလေ ကျွန်တော်နဲ့လမ်းကြုံလိုက်ခဲ့ပါ "

" အို မဟုတ်တာ ရပါတယ် ဒေါက်တာလေး ရပ်ဝန်းတို့ လိုင်းကားနဲ့ပဲလိုက်ခဲ့လိုက်ပါမယ် ဒါဆို ခွင့်ပြုပါဦး "

အချစ်ရိပ် ရပ်ဝန်းငယ် ( Complete ) Where stories live. Discover now