( တစ်ဆယ့်နှစ် )

5.6K 187 1
                                        

အရိပ် ကား​လေးကိုအလောတကြီးရပ်ပြီး ပြည်သူ့ရင်ပြင်ထဲ ပြေးဝင်ခဲ့လိုက်သည်။ပုံမှန်ရုံးဖွင့်ရက်မို့ လူတွေရှုပ်ထွေးမနေသော်လဲ အတော်အသင့်လူများတဲ့နေ့လို့သတ်မှတ်ရပေလိမ့်မည်။

ရပ်ဝန်းငယ် ပြောတဲ့နေရာဆီရောက်ဖို့ ၁၀ မိနစ်လောက်ကြာအောင် လူအုပ်ကြားထဲတိုးဝှေ့ကာမမောနိုင်မပမ်းနိုင်းပြေးသွားလိုက်မိတော့ ရေခဲမုန့်ဆိုင်လေးဘေးမှာ အရုပ်ကြိုး
ပြတ်ထိုင်နေတဲ့ သူမကို မြင်လိုက်ရပါပြီ။

" ရပ်ဝန်းငယ်!  "

" ရိပ်..  "

သူခေါ်လိုက်တော့ မျက်ရည်တွေပြည့်နေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေရဲ့ အားကိုးတကြီး
အကြည့်က သူ့ဆီရောက်လာခဲ့သည်။ ဗေဒါရောင်ဝမ်းဆက်ကလေးနဲ့ သူမက ဒီနေ့တော့အိမ်နေရင်းသနပ်ခါးပါးပါးပုံစံနဲ့မဟုတ်ပဲ ပါးပြင်နှစ်ခုလုံးမှာ ခပ်သေးသေးပါးကွက်လေးတွေတင်ထားသေးသည်။

ဆံပင်ရှည်ရှည်တွေကိုလဲ အပေါ်ယံတစ်လွှာသိမ်းပြီးစည်းထားပုံရတာမို့ သူမမျက်နှာဝိုင်းဝိုင်းလေးက ထင်းထင်းလေးပေါ်နေသည်။
အမြဲခြေမျက်စိဖုံးအောင်ထမီဝတ်တတ်တဲ့သူမက ခြေထောက်တစ်ဖက်ကိုရှေ့ထုတ်
ထားပြီး လက်နဲ့ဖိထားတာမို့ သူသေချာကြည့်လိုက်တော့ ညာဘက်ခြေထောက်နားမှာ အညိုအမဲစွဲနေတဲ့ ဒဏ်ရာတစ်ခုကို မြင်လိုက်ရတာကြောင့်  ရင်ထဲမှာနင့်ကနဲ ...

မျက်ရည်စတွေပြည့်နေတဲ့ ထို မျက်လုံးဝိုင်းဝိုင်းလေးတွေက အကြည့်တွေကြောင့် အရိပ်ရင်ထဲပူလောင်သွားရသည်ကတော့အမှန်။ ထိုင်နေတဲ့ရပ်ဝန်းကို ဆွဲထူလိုက်တော့ သူမကအားအင်ချည့်နဲ့စွာ အရိပ်လက်ထဲ စွေ့ကနဲပါလာခဲ့ရှာသည်။

ရပ်ဝန်းကို မတ်တပ်ရပ်နိုင်အောင်ကူညီပေးထားရင်း ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီးမှ အရိပ် လေသံကိုထိန်းကာ ....

" ဘယ်လ်််ိုဖြစ်တာလဲ ရပ်၀န်းငယ် သားသားကဘယ်လိုပျောက်သွားတာလဲ "

" ရိပ်...သားသားက...  ဟင့် ရပ်ဝန်းကလေ...
ရေခဲမုန့်ဝယ်နေတာ...  အင့် သား သား က
ဟိုဟာ စီးနေတာ ရွှတ် ခဏလေး ဝယ်နေတုန်း ပြန်လှည့်ကြည့်တော့ ဟင့် မရှိတော့ဘူး သားသားကို လိုက်ရှာနေရင်း ခြေထောက်ကခေါက်သွားလို့ လိုက်မရှာနိုင်တော့ဘူး ဘယ်
လိုလုပ်မလဲ သားသားတစ်ယောက်တည်း အဟင့် ကြောက်နေမှာ  ရပ်ဝန်း ဘယ်လ်ိုလုပ်
ရမလဲ သားသားကိုရှာမတွေ့ရင်... ဟင့်  "

အချစ်ရိပ် ရပ်ဝန်းငယ် ( Complete ) Место, где живут истории. Откройте их для себя