နှစ်ဆယ့်လေး

7.6K 184 3
                                        

" အန်တီ .... ရပ်ဝန်းရောက်ပါပြီ "

မျက်နှာစိမ်းပြီးရင်းနှီးမှု အနည်းငယ်မျှပင်မရှိတဲ့ ယောက္ခမရှေ့မှာ ရပ်ဝန်းခပ်ရို့ရို့ရပ်ရင်းအသိပေးလိုက်မိတော့ ခြေထောက်ကိုတင်းအောင်ချိတ်ပြီး ဖုန်းတစ်လုံးကိုမျက်နှာမူနေတဲ့ ဒေါ်ခတ္တာရိပ်က အသိအမှတ်ပြုရုံ တစ်ချက်လှမ်းကြည့်လိုက်ပြီး ခေါင်းဆတ်ပြရင်း

" ထိုင်လေ "

" ဟုတ်ကဲ့ အန်တီ "

ရပ်ဝန်း လွတ်နေတဲ့ဆိုဖာတစ်ခုပေါ်ဝင်ထိုင်ပြီး ပခုံးပေါ်ကအိတ်လေးကိုဘေးချလိုက်ရင်း
ဒေါ်ခတ္တာရိပ် ဘာစကားပြောလာမလဲဆိုတာရင်တထိတ်ထိတ်စောင့်နေမိသည်။

ဒီနေ့ အရိပ်က အလုပ်ပြန်ဝင်ပြီဖြစ်သလို သူအလုပ်မသွားခင် သားသားကိုပါကျောင်းကိုပို့ပေးခဲ့ပြီး ရပ်ဝန်းကို အပြင်မထွက်ဖို့အကြိမ်
ကြိမ်မှာခဲ့တာကြောင့် အိမ်ထဲမှာအောင်းနေမိပေမယ့် လူကြီးကခေါ်တော့လဲ သူမမှာ မငြင်းသာခဲ့....

မင်္ဂလာဆောင်တုန်းကတောင် မလာခဲ့တဲ့ယောက္ခမကြီးက ရပ်ဝန်းကို လွမ်းဆွတ်တမ်း
တလွန်းလို့ ခေါ်တွေ့တာမဖြစ်နိုင်မှန်းတော့
ရပ်ဝန်း ကြိုတင်တွက်ဆခဲ့မိပြီးသားပါ။

" ဒီရက်တွေထဲ ရိပ်က တအားအလုပ်ပျက်တယ် မင်း နေမကောင်းဘူးတဲ့.... ငါမြင်တာတော့ မျက်တွင်းတွေကျတဲ့အထိ ပိန်သွားတာက ငါ့သား ရိပ်ပဲ ပြောပါဦး မင်းတို့မှာ ဘာပြဿနာတွေရှိနေကြတာလဲ "

" ဟို ဒီရက်ထဲ ရပ်ဝန်းကိစ္စလေးနည်းနည်း
ရှိနေလို့ပါအန်တီ ဘာမှမဖြစ်ပါဘူး ဘာပြဿနာမှလဲမရှိပါဘူး "

" မင်းနဲ့ ငါ ဒါ ပထမဆုံး စကားပြောခြင်းပဲ ဟုတ်တယ်မဟုတ်လား "

" ဟုတ် ဟုတ်ပါတယ် အန်တီ "

" ရိပ်က မင်းကို ချစ်လို့လက်ထပ်ခဲ့တာ "

" ဟုတ်ကဲ့ "

" မင်းကရော ရိပ်ကို ချစ်လား....  "

" ရှင်....  "

" ရိပ်က မင်းမိသားစု မင်းရဲ့အခြေအနေ မင်းနဲ့ပါတ်သက်သမျှဘာဆိုဘာကိုမှ အပြစ်မမြင်ဘူး ငါ့ကိုတောင်ဆန့်ကျင်ခဲ့တယ် မင်း အ
တွက်ရော ရိပ်က ဘယ်လောက်အထိအရေးပါလဲ "

အချစ်ရိပ် ရပ်ဝန်းငယ် ( Complete ) Место, где живут истории. Откройте их для себя