" ဒီမှာငြိမ်ငြိမ်လေးထိုင်နေ ကိုယ်သားသားကို ကိုယ်လက်သန့်စင်ပေးပြီး သိပ်လိုက်မယ် "
မမအေးကိုတစ်ချက်ကြည့်ရင်းပြောလိုက်ပြီး
ပတ်တီးဖြူဖြူစည်းထားတဲ့ခြေထောက်လေးကို ခေါင်းအုံးအမြင့်လေးနဲ့တင်ပေးကာ အရိပ်ပြန်ဆင်းသွားတော့ ခေါင်မိုးထပ်လေးမှာ ရပ်ဝန်းနဲ့ မမအေးသာကျန်ရစ်ခဲ့ကြတော့မှ ရပ်ဝန်းကိုပြုံးကြည့်လာခဲ့ရင်း....
" ချစ်သူလား "
" ဟယ် မမအေးကလဲ မဟုတ်တာတွေ "
ရပ်၀န်း ရှက်ရွံ့စွာ ပြောလိုက်တော့မှ မမအေးက သဘောကျစွာရယ်လိုက်ရင်း ....
" သူကတော့ ငယ်လေးကို တော်တော်ဂရုစိုက်တာနော် အခုမှတွေ့တဲ့ ကျုပ်တောင်သိသိသာ
သာမြင်နေရတယ် ငယ်လေး မမြင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား ... "
မမအေးစကားကြောင့် ရပ်ဝန်း ခဏတော့ငြိမ်
သက်သွားမိရသည်ကအမှန်ပင်။ဒီနေ့သားသားကကစားကွင်းလိုက်ပို့ဖို့မပူဆာခင် မနက်အစောပိုင်းကတည်းက အရေးတကြီးကိစ္စရှိတယ်လို့ပြောပြီး ရွှင်မြူးစွာနဲ့အိမ်ကထွက်သွားခဲ့တဲ့အရိပ်က ရပ်ဝန်း ဖုန်းဆက်လိုက်ပြီးမကြာခင်မှာပဲ မျက်စိမျက်နှာပျက်ကာ စိုးရိမ်တကြီးရောက်ချလာခဲ့သည်လေ ....
အစောပိုင်းက လူကအထိတ်တလန့်နဲ့ပူထူနေလို့မတွေးခဲ့မိပေမယ့် အခုမှပြန်တွေးမိတော့ရပ်ဝန်း သူ့ကိုအနှောင့်အယှက်ဖြစ်အောင်လုပ်မိသွားပြီလားပင်မသ်ိ။ရုတ်တရက် သားသားပျောက်သွားတဲ့အချိန်မှာ စိုးရိမ်တုန်လှုပ်နေတဲ့ကြားက ရပ်ဝန်း အကူအညီတောင်းဖို့သတိရမိတဲ့လူက ဘာလို့အရိပ်ဖြစ်နေရတာများလဲ .....
" ငယ်လေးတို့ သားအမိနဲ့ သူက ဒီမှာ အတူတူ
ငှား နေကြတာလား "
" သူက ဒီအဆောက်အဦးပိုင်ရှင်လေ မမအေး ... ရပ်၀န်းတို့က ငှားနေရတာပါ "
ရပ်ဝန်း ခပ်လေးလေးဖြေရင်း အဝေးကမီးတွေလင်းနေတဲ့ အဆောက်အဦးတွေဆီကို အကြောင်းမဲ့ငေးကြည့်နေလိုက်မိသည်။
" ကားစီးရင်တောင် ယောကျာ်းလေးဘေးမှာမထိုင်ရဲတဲ့ ငယ်လေးကသူစိမ်းယောကျာ်းလေးတစ်ယောက်နဲ့ တစ်မိုးတည်းအောက်မှာ
အတူနေတယ်ဆိုတာ ကျုပ်အတွက်တော့ တကယ်အံ့သြစရာပဲ ကိုယ်တိုင်မြင်တာမဟုတ်ရင် ယုံမိမှာမဟုတ်ဘူးသိလား "
YOU ARE READING
အချစ်ရိပ် ရပ်ဝန်းငယ် ( Complete )